မင့်စ်မြို့တော်အား နေတိုးတပ်ဖွဲ့ဝင် လစ်သူယေးနီးယားနိုင်ငံက ဒရုန်းများဖြင့် တိုက်ခိုက်မည့်ကြိုးပမ်းချက်ကို ဘယ်လာရုစ် တားဆီးနိုင်ခဲ့

 

မင့်စ်မြို့တော်အား နေတိုးတပ်ဖွဲ့ဝင် လစ်သူယေးနီးယားနိုင်ငံက ဒရုန်းများဖြင့် တိုက်ခိုက်မည့်ကြိုးပမ်းချက်ကို ဘယ်လာရုစ် တားဆီးနိုင်ခဲ့

 

    ဘယ်လာရုစ်နိုင်ငံ မြို့တော် မင့်စ်အား နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် လစ်သူယေးနီးယားနိုင်ငံက ဒရုန်းများဖြင့် တိုက်ခိုက်မည့် ကြိုးပမ်းမှုကို   ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း  ဘယ်လာရုစ်လုံခြုံရေး တပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ အိုင်ဗန်တာတယ်လ်က ဧပြီလ၂၅ ရက်တွင် ပြောသည်။

အဆိုပါတိုက်ခိုက်ရေး ဒရုန်းများသည် လစ်သူယေးနီးယား  ပိုင်နက်အတွင်းမှ ဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းဒရုန်းများကို လုံခြုံရေး တပ်ဖွဲ့များက လုံခြုံရေးဆောင်ရွက်နေစဉ် တားဆီးနိုင်ခြင်းဖြစ်ကြောင်း RIA  သတင်းအေဂျင်စီက ဖော်ပြသည်။ သို့သော် တိုက်ခိုက်ရေး ဒရုန်းများသည် လစ်သူယေးနီးယားမှ    လွှတ်တင်ခဲ့ခြင်းဖြစ်သည်ဟူသော သက်သေအထောက်အထားများကိုမူ ဘယ်လာရုစ် လုံခြုံရေးအဖွဲ့က ဖော်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။

မင့်စ်မြို့အား ဒရုန်းများဖြင့် တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟူသော   ဘယ်လာရုစ်၏ ပြောဆိုချက်နှင့် စပ်လျဉ်း၍ လစ်သူယေးနီးယားနိုင်ငံက တစ်စုံတစ်ရာ တုံ့ပြန်ပြော ကြားထားခြင်း မရှိပေ။

ဘယ်လာရုစ်နိုင်ငံသည် ရုရှား၏မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး   ရုရှားနိုင်ငံက ၂၀၂၂ ခုနှစ်အတွင်း    အထူးစစ်ဆင်ရေး ဆင်နွှဲရာတွင် ဘယ်လာရုစ်၏ ပိုင်နက်များကို အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။