လက်စတာအသင်း ဆောက်သမ်တန် အသင်းကို အနိုင်ရရှိပြီးနောက် တစ်ပွဲထပ်မံ အနိုင်ရရှိလျှင် ပရီးမီးယားလိဂ် ပြိုင်ပွဲသို့ ပြန်လည်တက်လှမ်းနိုင်မည်

 

လက်စတာအသင်း ဆောက်သမ်တန် အသင်းကို အနိုင်ရရှိပြီးနောက် တစ်ပွဲထပ်မံ အနိုင်ရရှိလျှင် ပရီးမီးယားလိဂ် ပြိုင်ပွဲသို့ ပြန်လည်တက်လှမ်းနိုင်မည်

 

    အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲအဖြစ်    ကစားသည့် ဆောက်သမ်တန်အသင်းနှင့်   လက်စတာအသင်းတို့ ပွဲစဉ်တွင်  လက်စတာအသင်းက    ၅  ဂိုး  - ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက်  တစ်ပွဲထပ်မံ အနိုင်ရရှိလျှင်  ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပြန်လည် တက်လှမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် လက်စတာအသင်းက ဖာတာ ဝူ၊  အန်ဒီဒီ၊  ဗာဒီတို့၏သွင်းဂိုးများဖြင့်  အနိုင်ရရှိပြီး နောက်  အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲ၌  ၄၄ ပွဲကစား ပြီးချိန်တွင် ရမှတ် ၉၄  မှတ်ဖြင့်   အမှတ်ပေးဇယား ထိပ်ဆုံး၌ ရပ်တည်နေပြီး    ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပြန်လည်တက်ရောက်ရန် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅-၂၀၁၆ ဘောလုံးရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား   ဆွတ်ခူးနိုင်ခဲ့သည့်   လက်စတာ အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယား လိဂ်ပြိုင်ပွဲ၌  ၃၈ ပွဲကစားပြီးချိန်တွင် ရမှတ်  ၃၄ မှတ်သာရရှိခဲ့ပြီး  အမှတ်ပေးဇယား  အဆင့်  (၁၈)နေရာ၌သာ  ရပ်တည်ခဲ့သည့် အတွက်  ယခုဘောလုံး ရာသီတွင်  အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲသို့  တန်းဆင်းခဲ့ရသည်။

လက်စတာအသင်းသည် အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ သို့ တန်းဆင်းခဲ့ရပြီးနောက် အဓိက ကစားသမားတချို့ ထွက်ခွာခဲ့သော်လည်း ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး တစ်ရာသီအတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲသို့  ပြန်လည် တက်လှမ်းနိုင်ရန်  နီးစပ်နေခြင်း ဖြစ်သည်။

အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲမှ အဆင့် (၁) နှင့်  (၂)နေရာ၌ ရပ်တည်နိုင်မည့် အသင်းနှစ်သင်းသည် ပရီး မီးယားလိဂ်ပြိုင်ပွဲသို့ တိုက်ရိုက် တန်းတက်နိုင်မည်ဖြစ် သည့်အတွက် လက်စတာအသင်းသည် အဆင့် (၂) နေရာမှ လိဒ်အသင်းကို လေးမှတ်ဖြတ်ထားသကဲ့သို့ အဆင့် (၃) နေရာမှ  အစ်ဝှစ်အသင်းကို တစ်ပွဲလျော့ ဖြင့် လေးမှတ်ဖြတ်ထားသည့်အတွက် တစ်ပွဲအနိုင်ရရှိ ပါက ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်ရန် သေချာမည် ဖြစ်ကြောင်း သိရသည်။