ဥရောပဘောလုံးအဖွဲ့ချုပ်က ဂျာမနီနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကစားသမား ၂၆ ဦးအထိ ရွေးချယ်ခွင့်ပေးထား

 

ဥရောပဘောလုံးအဖွဲ့ချုပ်က ဂျာမနီနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကစားသမား ၂၆ ဦးအထိ ရွေးချယ်ခွင့်ပေးထား

 

    ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ဂျာမနီနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယူရို ၂၀၂၄  ပြိုင်ပွဲတွင်  ပြိုင်ပွဲဝင်အသင်းများကို  ကစား သမား  ၂၆  ဦးအထိ ရွေးချယ်ခွင့် ပေးထားကြောင်း သိရသည်။

အစောပိုင်းက ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ပွဲဝင်အသင်း တစ်သင်းလျှင် ကစားသမားဦးရေ ၂၃ ဦးသာ ခွင့်ပြုထားသော်လည်း  ပြီးခဲ့သည့်  ကိုဗစ်-၁၉ ရောဂါကာလအတွင်း   ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကစားသမားများ ကြံ့ခိုင်မှုအတွက် ကစားသမား ၂၃ ဦးမှ ၂၆ ဦးအထိ ရွေးချယ်ခွင့်ပေးခဲ့ပြီးနောက်  ဥရောပ ဘောလုံးအဖွဲ့ချုပ်ကလည်း ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ကစားသမား ၂၆ ဦးအထိ ရွေးချယ်ခွင့်ပေးခဲ့သည်။

ထို့နောက် နောက်ပိုင်းပြိုင်ပွဲများတွင်လည်း ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်က ကစားသမား ၂၆ ဦးအထိရွေး ချယ်ခွင့်ပြုထားသော်လည်း ယူရို ၂၀၂၄  ပြိုင်ပွဲတွင် ကစားသမား ၂၆ ဦးရွေးချယ်ခွင့်အတွက် အမြင်မတူမှုများ ရှိနေသောကြောင့် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ကစား သမား ၂၆ ဦး ရွေးချယ်ခွင့်ရှိသည့်ဘက်မှ အနိုင်ရရှိခဲ့ သည့်အတွက်  ဥရောပဘောလုံး အဖွဲ့ချုပ်က  ယူရို ၂၀၂၄ ပြိုင်ပွဲတွင် အသင်းတစ်သင်းလျှင် ကစားသမား ၂၆   ဦးအထိ   ရွေးချယ်ခွင့်ပြုရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယူရို  ၂၀၂၄  ပြိုင်ပွဲကို  ဂျာမနီနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲကို လာမည့် ဇွန်လ  ၁၅  ရက်တွင်  စတင်ကျင်းပမည်ဖြစ်ကြောင်း  သိရသည်။