မုံရွာမြို့၌ ၂၀၂၄ ခုနှစ် နွေရာသီအခြေခံနှင့် အဆင့်မြင့်အားကစားသင်တန်းများ ဖွင့်ပွဲကျင်းပ

မုံရွာမြို့၌ ၂၀၂၄ ခုနှစ် နွေရာသီအခြေခံနှင့် အဆင့်မြင့်အားကစားသင်တန်းများ ဖွင့်ပွဲကျင်းပ

မုံရွာ၊ လူမှုရေး

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် နွေရာသီအခြေခံနှင့် အဆင့်မြင့် အားကစားသင်တန်းများ ဖွင့်ပွဲကို ဧပြီလ ၂၅ ရက်တွင် မုံရွာမြို့ ပြည်သူ့အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊   တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ များနှင့် မိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကျော် က  နွေရာသီကျောင်းပိတ်ရက်အတွင်း လူငယ်များအားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာ ဗဟုသုတများရရှိစေရန် အားကစားနည်းကိုးမျိုးအား ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း ပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ၏ မြန်မာ့သိုင်း၊ ရိုးရာ ခြင်းလုံး၊ ကရာတေး၊ Fitness Dance တို့ဖြင့် သရုပ်ပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြန်မာ့သိုင်းအဖွဲ့၊ ရိုးရာခြင်းလုံး အဖွဲ့၊ ကရာတေး အဖွဲ့၊ Fitness Dance အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ကြောင်း သိရသည်။            

ချမ်းမြေ့