မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်  ဧပြီ ၂၅

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင်  အင်းစိန်မြို့နယ် ကြို့ကုန်း(အရှေ့)ရပ်ကွက်တွင် သန်းထွန်း(ခ)ဦးထွန်း မောင်းနှင်ပြီး မနန်းဆိုင်ဆာ(ခ)အေးယိမ်း လိုက်ပါလာသည့် TOYOTA Vitz  အမျိုးအစား မော်တော်ယာဉ်ကို   သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်း ကိုလည်းကောင်း၊ အလားတူ မွန်းလွဲ ၂ နာရီတွင် ရွှေပြည်သာမြို့နယ် (၂၀)ရပ်ကွက် မြောင်းမြလမ်းရှိ မနန်းဆိုင်ဆာ(ခ)အေးယိမ်း ၏နေအိမ်မှ စိတ်<ကရူးသွပ်ဆေးပြား ၃ ဒသမ ၅ သိန်း ကို လည်းကောင်း။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၃ ရက် ည ၇ နာရီတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ နယ်မြေ(၈-က) ရပ်ကွက်(၈)ရှိ မျိုးမင်းသူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၆၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။