မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို လက်ခံတွေ့ဆုံ

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဧပြီ  ၂၆

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai  နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင်    နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌   လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ   လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများနှင့် စပ်လျဉ်း၍     ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေနှင့်   သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်   အခြေအနေ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းများ ကြိုတင်ပြင်ဆင်ပြုစုခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုခြင်း ဆောင်ရွက်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ   လုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။