တန်ဇန်နီးယားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၅၅ ဦး သေဆုံးပြီး ၂၃၆ ဦးဒဏ်ရာရရှိ

 

တန်ဇန်နီးယားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၅၅ ဦး သေဆုံးပြီး ၂၃၆ ဦးဒဏ်ရာရရှိ

 

    တန်ဇန်နီးယားနိုင်ငံတွင်  ဆက်လက်ရွာသွန်းလျက်ရှိသည့်   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံအတွင်းရှိ ဒေသအများအပြား၌ ရေနစ်မြုပ်မှုများ ဖြစ်ပွားရာ အနည်းဆုံး လူ ၁၅၅ ဦးသေဆုံးပြီး ၂၃၆ ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ရေကြီးမှုများသည် နိုင်ငံအတွင်းရှိ ဒေသ ၂၆ ခုအနက် ၁၄ ခုတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ရေကြီးမှုအတွင်း လူနေအိမ် ၁၀၀၀၀ ခန့် ပျက်စီးသွားပြီး ဒေသခံပြည်သူ ၂၀၀၀၀၀ ခန့်မှာ   သဘာဝဘေးဒဏ်သင့်ခဲ့ရကြောင်း ဝန်ကြီးချုပ် ကက်ဆင်မာဂျာလီဝါက ဧပြီလ၂၅ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် ရေကြီးမှုများကြောင့်  စာသင်ကြားရေးဆိုင်ရာ အခြေခံ အဆောက်အဦများ၊ ကောက်ပဲသီးနှံများ၊ လမ်းမကြီးများနှင့် တံတားများ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

လက်ရှိတွင် အစိုးရက မလိုလားအပ်သည့် ဘေးအန္တရာယ်များကို ကာကွယ်တားဆီး နိုင်ရေးအတွက် ရေကြီးမှုနှင့် ရင်ဆိုင်နေရသည့်  ဒေသများရှိ  စာသင်ကျောင်းများကို ပိတ်ထားရန် ညွှန်ကြားထားသည်။

တန်ဇန်နီးယားတွင် အယ်လ်နီညိုရာသီဥတုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းဖြစ်ပြီး မိုးများသည် လာမည့်မေလအတွင်း၌လည်း   ဆက်လက် ရွာသွန်းနိုင်ဖွယ်ရှိကြောင်း မိုးလေဝသအဖွဲ့က  ခန့်မှန်းထားသည်။