မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Dr. Md. Monwar Hossain သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန အမျိုးသား စာကြည့်တိုက်(နေပြည်တော်)သို့ စာအုပ်များလှူဒါန်း

 

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး  Dr. Md. Monwar Hossain သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန အမျိုးသား စာကြည့်တိုက်(နေပြည်တော်)သို့ စာအုပ်များလှူဒါန်း

 

နေပြည်တော် ဧပြီ ၂၆

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Dr. Md. Monwar Hossain က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသား စာကြည့်တိုက်(နေပြည်တော်)သို့ စာအုပ်များလှူဒါန်းပွဲကို ယနေ့ ညနေ ၃  နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ  Orientation ခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး  Dr. Md. Monwar Hossain? ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးက အမျိုးသားစာကြည့် တိုက်(နေပြည်တော်)သို့ စာအုပ်များ လှူဒါန်းရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ စာအုပ်များနှင့်   ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လတ်တလောဖွံ့ဖြိုး တိုးတက်မှု   ခရီးစဉ်ဆိုင်ရာစာအုပ်များကို လှူဒါန်းရာ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးက စာအုပ်များ လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ သံအမတ်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည်   အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။