MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(B)တွင် ရှမ်းယူနိုက်တက် အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(B)တွင် ရှမ်းယူနိုက်တက် အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

ရန်ကုန်  ဧပြီ  ၂၆

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(B)ပွဲစဉ်များကို ယနေ့တွင် ဆက်လက်ကျင်းပခဲ့ရာ ရှမ်းယူနိုက်တက် အသင်းနှင့်  ရခိုင်ယူနိုက်တက် အသင်းတို့  နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း  သိရသည်။

MNL League Cup 2024    ပြိုင်ပွဲ အုပ်စု(B)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီ ၄၅ မိနစ်တွင် ပဒုမ္မာအားကစားကွင်း၌ ရိန်းဘိုးအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ  ရှမ်းယူနိုက်တက်အသင်း က   ခုနစ်ဂိုးဂိုးမရှိဖြင့်   အနိုင်ရရှိခဲ့ပြီး ရှမ်းယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် မိနစ် ၂၀ တွင် နန္ဒကျော်၊ ပွဲချိန် ၃၄ မိနစ်တွင် ထက်ဝေဖြိုး၊ ပွဲချိန် ၄၅ မိနစ်တွင် သူရိန်ထွန်း၊ ပွဲချိန် ၄၉ မိနစ်၊ ၅၆ မိနစ်နှင့် ၆၇ မိနစ်တို့တွင် မိတိုဟီရို၊ ပွဲချိန် ၈၈ မိနစ်တွင် ဆအောင်ပြည့်ကိုတို့က သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ ညနေ ၄ နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌ ရခိုင်ယူနိုက်တက်အသင်း နှင့် Glory Goal  အသင်းတို့ကစားခဲ့ရာ ရခိုင်ယူနိုက်တက်အသင်းက နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်း အတွက် သွင်းဂိုးများကို ပွဲချိန် ၅၄ မိနစ်နှင့် ၇၆ မိနစ်တို့တွင် ကျော်ကိုကိုက သွင်းယူပေးနိုင်ခဲ့သည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု (C)ပွဲစဉ်များအဖြစ် ဧပြီလ၂၇ ရက်(ယနေ့)ညနေ ၄ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ဆေးဗားစတားအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ တက္ကသိုလ် အားကစားကွင်း၌ ဒဂုံစတားအသင်းနှင့် ဒဂုံပေါ့အသင်း၊ အုပ်စု(D)အုပ်စုပွဲစဉ်များအဖြစ် ဧပြီလ ၂၈ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ပဒုမ္မာအားကစားကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် သစ္စာအားမာန်အသင်း၊ ညနေ ၄ နာရီတွင် တက္ကသိုလ် အားကစားကွင်း၌ ရက္ခပူရယူနိုက်တက် အသင်းနှင့်  ISPE  အသင်းတို့   ကစားသွားမည်ဖြစ်ကြောင်း   သိရသည်။