တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဧပြီ  ၂၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပုသိမ်ခရိုင်၊   ကျုံပျော်ခရိုင်၊  ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်နှင့် လပွတ္တာခရိုင်တို့အတွင်း၌ တရားမဝင် အခြားသစ် (၁၉ ဒသမ ၄၈၅)တန်   စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၉၅၉၀၅)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၅ ရက်တွင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက   စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတား ပူးပေါင်း စစ်ဆေးရေးဂိတ်(တရုတ်လှဘက်ခြမ်း)၌ ဘားအံမြို့မှ တောင်ငူမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးနှင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ်  Wai Wai ကြာဆံထုပ် (၁၈၀၀)၊ Lactasoy ပဲနို့ဘူး (၅၄၀၀)၊ Bingo Star ကြောင်စာ  ကီလိုဂရမ် (၇၀၀)၊  Nestle Milo ထုပ် (၃၆၀၀၀)၊ Crunch Roll Choclate Gery ဝေဖာ ထုပ် (၁၅၆၀၀)၊ Wave 100 (Used) မော်တော်ဆိုင်ကယ်(၁)စီးနှင့် Dexamethasone အကိုက်အခဲပျောက်ဆေး ပုလင်း (၃၀၀)၊  Packing Paper ကီလိုဂရမ် (၇၀၀)၊ Hoco Miniportable BT Speaker လုံး (၂၅၀) Edible CornStarch ပြောင်းမှုန့်အိတ် (၁၀၇)အိတ် အပါအဝင် ကုန်ပစ္စည်း(၃၉)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၇၉၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus (၁)စီး၊ King Long Bus (၁)စီး၊ Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၇၉၆၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ အကောက်ခွန်အဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၆)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့်  တရုတ်နိုင်ငံထုတ် GI Hollow Pipe  ကီလိုဂရမ်  (၁၁၂၆၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၅၂၂၀၀)ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက   စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ညောင်ခါးရှည် X-Ray စက်စစ်ဆေးရေးဂိတ်၌   မော်လမြိုင်မြို့မှ နေပြည်တော်မြို့သို့   သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ ဂျပန်နိုင်ငံထုတ် အဝတ်လျှော်စက် (Recond) (၁၀) လုံး အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့့်  YutongBus (၁)စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို   အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌   တရားမဝင်ကျွန်းသစ်(၁ ဒသမ ၅၄၈)တန်၊ သစ်မာ(၁၀ ဒသမ ၈၈၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၄၈၉၀၄)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း     (ခန့်မှန်းတန်ဖိုးငွေကျပ်၄၁၀၄၈၉၀၄)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင်   ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ(၂၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၉၉၃၀၀၉) ဖြစ်ကြောင်း    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။