မှော်ဘီမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

မှော်ဘီမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၂၇

    တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့်  ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သာယာကုန်း ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၆ ပါးနှင့် ဒေသခံပြည်သူ ၁၄၈ ဦး တို့ကို အဆိုပါကျေးရွာရှိ ရွှေဟင်္သာရွာဦးကျောင်းတိုက်၌လည်းကောင်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံနယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ နားလည်ကျေးရွာမှ ဒေသခံပြည်သူ ၁၂၆ ဦးတို့ကို အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံနယ်လှည့်ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်မှ သံဃာတော် ၁၇ ပါး၊ သာသနာ နွယ်ဝင်သီလရှင် ၂၉ ပါးနှင့် ဒေသခံပြည်သူ ၁၀၅ ဦးတို့ကို အဆိုပါရပ်ကွက်ရှိ ဆင်များ ရှင်ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း အသီးသီး ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြော ရောဂါ၊ ကလေးရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အသဲရောဂါ၊ သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စစ်ဆေးပေးခြင်း၊ သွေးဖောက်၍ ဆီးချို/သွေးချိုရောဂါ စစ်ဆေးပေးခြင်းနှင့် သွေးအုပ်စု များစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သောလူနာများအား နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

    ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာနယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။