ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲကျင်းပ       

ရန်ကုန်  ဧပြီ  ၂၇                                                         

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၁၄)ခရိုင် အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ    ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာ အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအား လိုက်လံ နှုတ်ဆက်ကာ အားကစားပစ္စည်းများ လက်ဆောင်ပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးများနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်များမှအုပ်ချုပ်ရေးမှုများ၊ ဘောလုံးဝါသနာရှင်များက  ပထမနေ့ သင်္ဃန်းကျွန်းခရိုင်အသင်းနှင့် ဒဂုံမြို့သစ်ခရိုင်အသင်းယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲမှ အကောင်းဆုံး အားကစားသမားများကိုရွေးချယ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အသင်းအဖြစ် နေပြည်တော်တွင် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိကျင်းပမည့်  ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အသင်း ၁၄ သင်းပါဝင်ပြီး အုပ်စုလေးစု၊ အုပ်စုသုံးစုခွဲကာ တောင်ဥက္ကလာ ပဒေသာ အားကစားကွင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အားကစားကွင်း၌ မေလ ၁၄ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။                  

ဝန်းရံခ