၂၀၂၄ ခုနှစ် နွေရာသီလက်ဝှေ့အခြေခံသင်တန်းဆင်းပွဲနှင့် လက်ရည်စမ်းပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ် နွေရာသီလက်ဝှေ့အခြေခံသင်တန်းဆင်းပွဲနှင့် လက်ရည်စမ်းပြိုင်ပွဲကျင်းပ

ရန်ကုန်  ဧပြီ  ၂၇

နွေရာသီကျောင်းပိတ်ရက်များတွင်  ကျောင်းသား၊   ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ် စေရန်နှင့် နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ကကျင်းပသည့် ၂၀၂၄ ခုနှစ် နွေရာသီလက်ဝှေ့အခြေခံ သင်တန်းဆင်းပွဲနှင့် လက်ရည်စမ်းပွဲကို ယနေ့နံနက် ၁၁ နာရီတွင်    ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် လူငယ်လေ့ကျင့်ရေး စခန်းရှိ (YTC) မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ ချုပ်၌ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ၂၀၂၄ ခုနှစ် နွေရာသီလက်ဝှေ့ အခြေခံသင်တန်းဆင်းပွဲနှင့် လက်ရည်စမ်း ပြိုင်ပွဲများအဖြစ် ၂၅ ကီလို၊ ၂၆ ကီလို၊ ၂၈ ကီလို၊ ၄၉ ကီလို၊ ၅၃ ကီလို အထူးပွဲစဉ်များ နှင့် ၄၉ ကီလို၊ ၅၃ ကီလို၊ ၆၃ ကီလို၊ ၇၃ ကီလို၊ ၇၅ကီလိုတန်းများ စုစုပေါင်းပွဲစဉ် ၁၅ ပွဲယှဉ်ပြိုင်ကြသည်။

ထို့နောက် ကီလိုတန်းအလိုက် ပထမ နှင့် ဒုတိယဆုရရှိသူများကို မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလင်း ဇာနည်ရွှေနှင့် တာဝန်ရှိသူများကဆုများ၊ သင်တန်းဆင်းလက်မှတ်များ  အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ် နွေရာသီလက်ဝှေ့ အခြေခံသင်တန်းဆင်းပွဲနှင့် လက်ရည်စမ်း ပြိုင်ပွဲတွင် စုစုပေါင်း သင်တန်းသား ၄၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူအောင်