အမေရိကန်က စစ်အတွင်းလုယူဖျက်ဆီးခံရသော ရှေးဟောင်းပစ္စည်းများကို ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားသို့ပြန်ပေး

အမေရိကန်က စစ်အတွင်းလုယူဖျက်ဆီးခံရသော ရှေးဟောင်းပစ္စည်းများကို ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားသို့ပြန်ပေး

နယူးယောက်၊ ရှေးဟောင်းပစ္စည်း

အမေရိကန်နိုင်ငံရှိ နယူးယောက်မြို့မှရှေ့နေများက စစ်အတွင်းလုယူဖျက်ဆီးခံရသော ရှေးဟောင်း ပစ္စည်းများကို ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားသို့  ပြန်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းပစ္စည်းများသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုံးသန်းရှိကြောင်းနှင့် ထိုပစ္စည်းများကို ဧပြီလ ၂၆ ရက်တွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေး လိုက်ခြင်း ဖြစ်ကြောင်း မန်ဟက်တန်ခရိုင် ရှေ့နေအယ်ဗင်ဘရက်က ပြောသည်။

ပြန်လည် လွှဲပြောင်းပေးလိုက်သည့် ရှေးဟောင်းပစ္စည်းအရေအတွက်ပေါင်း အခု ၃၀ ရှိရာ ကမ္ဘောဒီးယား နိုင်ငံသို့ ၂၇ ခုနှင့် အင်ဒိုနီးရှားနိုင်ငံသို့   သုံးခုပြန်ပေးလိုက်ခြင်းဖြစ်သည်။

ထိုရှေးဟောင်းပစ္စည်းများတွင် ကမ္ဘောဒီးယားနိုင်ငံမှ လုယူခံထားရသည့် ဟိန္ဒူရိုးရာ သျှီဝကြေးရုပ်တု တစ်ခု၊ အင်ဒိုနီးရှားနိုင်ငံမှ ခိုးယူခံထားရသည့ မာဂျာပါဟစ်အင်ပါယာခေတ်တော်ဝင်ရုပ်တုနှစ်ခုတို့လည်း ပါဝင်သည်။

ယင်းရှေးဟောင်းပစ္စည်းအများစုသည် စစ်အတွင်းက လုယူဖျက်ဆီးခံရသည့် ပစ္စည်းများ ဖြစ်ကြောင်း၊ အချို့မှာ မှောင်ခိုသမားများ၏ လက်ချက်ကြောင့် အမေရိကန်နိုင်ငံ အတွင်းသို့ရောက်ရှိလာသည့် ပစ္စည်းများ ဖြစ်ကြောင်း အယ်ဗင်ဘရက်က ဆက်ပြောသည်။

ထို့ပြင် မှောင်ခိုသမားများအနက် အမေရိကန်-အိန္ဒိယနိုင်ငံသားနှင့် အမေရိကန်နိုင်ငံသားတစ်ဦးတို့၏  လက်ချက်ကြောင့် ရောက်လာသည့် ပစ္စည်းများဖြစ်ကြောင်း ၎င်းကပြောထားသည်ဟု သိရသည်။

Ref: NA