၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလပထမပတ်အတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော်ရရှိ

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလပထမပတ်အတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော်ရရှိ

ရန်ကုန်၊ စီးပွားရေး

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလပထမ ပတ်အတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော်ရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုအနေဖြင့် နိုင်ငံပိုင် မှ အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၀၇၂ သန်းရရှိပြီး  ပုဂ္ဂလိကပိုင်မှ  အမေရိကန် ဒေါ်လာ ၇၂ ဒသမ ၄၃၄ သန်းရရှိသည့် အတွက်  စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ၅၀၆ သန်းရရှိ ကြောင်း သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူ ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ပြည်ပ သို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ  အမေရိကန်ဒေါ်လာ  ၄၀  ဒသမ ၉၂၈ သန်းရရှိပြီး ပုဂ္ဂလိက ပိုင်မှ  အမေ ရိကန်ဒေါ်လာ ၅၈ ဒသမ ၄၈၁ သန်းရရှိ သည့်အတွက်    စုစုပေါင်းအမေရိကန် ဒေါ်လာ ၉၉ ဒသမ ၄၀၉ သန်းရရှိခဲ့သည်။

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊  ရေထွက်ပစ္စည်း၊  သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်များ တင်ပို့ရာ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၈ ဒသမ ၂၄၄ သန်းရရှိပြီး ယင်းပို့ကုန် များထဲတွင် စက်မှုကုန်ချောတင်ပို့မှုမှ  အများဆုံးရရှိကြောင်း သိရသည်။

ပြည်တွင်းမှ အဓိကပို့ကုန်တွင် စက်မှု ကုန်ချောတစ်ခုဖြစ်သည့် ချုပ်ပြီးအထည် တင်ပို့မှုသည်   ပထမ နေရာ တွင်ရှိနေပြီး စက်မှုကုန်ချောပစ္စည်းများတွင် ချုပ်ပြီး အထည်များအပြင် သကြား၊ လက်ဝတ် ရတနာ၊ သဘာဝဓာတ်ငွေ့ စသည့်ပစ္စည်း များ တင်ပို့ကြောင်း သိရသည်။

ထို့ပြင် ပြည်ပမှ  ရင်းနှီးမြှုပ်နှံမှု  ကုန် ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူ သုံးကုန်ပစ္စည်းနှင့် CMP တို့ကိုလည်း တင်သွင်းကြောင်း သိရသည်။        

    စောယု