ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ရှိ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် KKO (ခွဲထွက်)ကျော်သက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ချေမှုန်း၊ မြို့တွင်းတည်ငြိမ် အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရ

ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ရှိ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် KKO (ခွဲထွက်)ကျော်သက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ချေမှုန်း၊ မြို့တွင်းတည်ငြိမ် အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဧပြီ-၂၈   

KKO (ခွဲထွက်)ကျော်သက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်း အဖွဲ့သည် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား နှောင့်ယှက်တိုက်ခိုက် ရန် ရည်ရွယ်ပြီး ဧပြီလဆန်းပိုင်းမှစ၍ သာလွန်အင်အားများဖြင့် ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိ ကောင်းမှု ကျေးရွာ၊ ရန်ကုတ်ကျေးရွာနှင့် ကြောင်ရှာကုန်းကျေးရွာတို့မှတစ်ဆင့်  ကော့ကရိတ်မြို့ တွင်း ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စုစုပေါင်း ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများသည် အင်အားများထပ်မံဖြည့်တင်းကာ ကော့ကရိတ်မြို့ မြောက်ခြမ်းအား ဆက်လက်တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ပတ်ဝန်း ကျင်ကျေးရွာများမှတစ်ဆင့် မြို့အား အဝေးမှလက်နက်ကြီးများဖြင့် နှောက်ယှက် တိုက်ခိုက်ခြင်းနှင့် မြို့စွန်ရှိ ရပ်ကွက်များအတွင်းသို့ စိမ့်ဝင်၍ ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်စီးခြင်း၊ ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်။

ထိုကြောင့် တပ်မတော်မှ အင်အားထပ်မံဖြည့်တင်းကာ ဧပြီလ ၁၉ ရက်မှစ၍ ကော့ကရိတ်မြို့ဝန်းကျင်ရှိ အကြမ်းဖက်သောင်းကျန်းသူများအား  အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး(Counter – Terrorism Operation)ကို လက်နက်ကြီးပစ်ကူ များရယူပြီး စနစ်တကျ အဆင့်ဆင့်ခြေကုတ်ယူ၍ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သမားများနှင့် စုစုပေါင်းထိတွေ့တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့၍ ဧပြီလ ၂၂ ရက်တွင် တပ်မတော်မှ အဆိုပါဒေသအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများသည် ကော့ကရိတ်မြို့၏ မြောက်ဘက်ရှိ ကောင်းမှုကျေးရွာဘက်သို့  လာရာလမ်းကြောင်းအတိုင်းဖရိုဖရဲပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ အဆိုပါ တိုက်ပွဲများတွင် အကြမ်းဖက် သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရရှိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည့် အကြမ်းဖက် သောင်းကျန်းသူများအား ထပ်ကြပ်လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိပြီး ကော့ကရိတ် မြို့အတွင်း ပျက်စီးခဲ့သည့် အပျက်အစီးများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်း ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင်  အကြမ်းဖက် သောင်းကျန်းသူများ၏ နှောင့်ယှက်တိုက်ခိုက်မှုများကြောင့် စိုရိမ်ထိတ်လန့်ပြီး ယာယီ နေရပ်စွန့်ခွာခဲ့ကြသည့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ရေး စည်းရုံး ဆောင်ရွက်ခဲ့ရာ ဧပြီလ ၂၇ ရက်နေ့အထိ ကော့ကရိတ်မြို့တွင်းသို့ အိမ်ထောင်စု ၂၈၈ စု၊ အမျိုးသား ၃၆၂ ဦး၊ အမျိုးသမီး ၂၃၅ ဦး၊ စုစုပေါင်း ၅၉၇ ဦး ပြန်လည်ဝင်ရောက် နေထိုင်လာကြကြောင်းသိရှိရပြီး ဆက်လက်၍လည်း ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။