ဖိလစ်ပိုင်ရှိ အမေရိကန်တို့ရဲ့ ဒုံးကျည်စနစ်ကို စက္ကန့် ၃၀၀ အတွင်း ဖျက်ဆီးမယ့်တရုတ်

 

ဖိလစ်ပိုင်ရှိ အမေရိကန်တို့ရဲ့ ဒုံးကျည်စနစ်ကို စက္ကန့် ၃၀၀ အတွင်း ဖျက်ဆီးမယ့်တရုတ်

 

    သတင်းဌာန အများအပြားရဲ့ ထုတ်ပြန်ချက်တွေအရ အမေရိကန်က ဖိလစ်ပိုင်နိုင်ငံမှာ   တာလတ်ပစ်ဒုံးကျည်စနစ်ကို ဖြန့်ကြက်ထားလိုက်တယ်လို့ သိရပါတယ်။

ဒီလိုဖြန့်ကြက်ရတဲ့  အကြောင်းရင်းကလည်း  အရေးကြုံလာရင်  တရုတ်ရဲ့ ကမ်းရိုးတန်းဒေသတွေကို ပစ်ခတ်နိုင်ဖို့နဲ့ သာမန်အချိန်မှာ   အဟန့်အတား တစ်ခုအဖြစ် ရှိနေဖို့ဖြစ်တယ်လို့   အခိုင်အမာ ဆိုထားပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ  တရုတ်နိုင်ငံက ဒရုန်းတစ်မျိုး ထွက်ပေါ်လာပါတယ်။ အဲဒီထွက်ပေါ်လာတဲ့    ဒရုန်းများကြောင့် အမေရိကန်နဲ့    ဖိလစ်ပိုင်တို့အနေနဲ့ တော်တော်လေးကို  အံ့သြမှင်တက်သွားတယ်လို့ ဆိုပါတယ်။

ဒီဒရုန်းတွေက   တစ်ချိန်ကလည်း ဂျပန်ပင်လယ်ပြင်ပေါ်ကနေ ဖြတ်ကျော် ပျံသန်းဖူးပါတယ်။   အဲဒီအချိန်တုန်းက ဂျပန်ရဲ့  F-15 တိုက်လေယာဉ်တွေဟာ တရုတ်ဒရုန်းတွေရဲ့ အောက်ပိုင်းကိုသာ ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။

အကြောင်းရင်းကတော့   ဒရုန်းတွေ ပျံသန်းတဲ့အမြင့်အထိ F-15 တိုက်လေယာဉ်တွေက ရောက်ရှိအောင် မပျံသန်းနိုင်လို့ပါပဲ။ ဒါတောင်မှ F-15 တိုက်လေယာဉ်ဆိုတာ အမြင့်ပေတစ်သိန်းအထိ ပျံသန်းနိုင်စွမ်းရှိတဲ့ လေယာဉ်တွေပါ။

အခု  အမေရိကန်က  ဖိလစ်ပိုင်မှာ တာလတ်ပစ်ဒုံးကျည်တွေ ဖြန့်ကြက်ချထားလိုက်ပြီ ဆိုတာနဲ့ ရောက်သွားတဲ့ဒရုန်းက တော့ တရုတ်တို့ရဲ့ WZ-7 ဒရုန်းများပဲဖြစ်ပါတယ်။    ဒီလိုရောက်သွားတာကို ဘယ်သူမှတောင် မသိလိုက်ဘူးလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ဒရုန်းက အခုလိုမျိုး လှည့်လည်သွားလာမှုနဲ့ ကင်းထောက်လုပ်ငန်း လုပ်ဆောင်တာတွေဟာ   ပုံမှန်လုပ်ရိုးလုပ်စဉ်တွေသာ ဖြစ်တယ်လို့ တရုတ်ဘက်က ထုတ်ပြန်ထားပါတယ်။

အမေရိကန်က ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ ဖြန့်ကြက်ချထားလိုက်တဲ့ တာလတ်ပစ် ဒုံးကျည်အမျိုးအစားက တိုင်ဖွန်းအမျိုးအစားဖြစ်ပြီး အဓိကအားဖြင့်  ထိုင်ဝမ် ရေလက်ကြားကို ဦးတည်ထားတာပါ။

တိုင်ဖွန်းရဲ့ ထိရောက်မှုအကွာအဝေးက ကီလိုမီတာ ၁၈၀၀ ပတ်လည်ရှိတဲ့အတွက် ရှန်ဟိုင်းနဲ့ ဝူဟန်မြို့တို့ဟာလည်း ပစ်မှတ် အကွာအဝေးအတွင်းမှာ ကျရောက်နေတာကိုတွေ့ရပါတယ်။

ဒီလိုခြိမ်းခြောက်မှုတွေ ရှိလာတဲ့အတွက် တရုတ်ဘက်ကလည်း   မဖိတ်ခေါ်ထားတဲ့  ဧည့်သည်တွေအပေါ်   အခုလိုမျိုး ကင်းထောက်စုံစမ်းမှုတွေ  လုပ်ရတာလို့ ဆိုပါတယ်။

တာဝေးခရီးသွားနိုင်မှု၊ ပုံစံအစုံကင်းထောက်နိုင်မှု စွမ်းဆောင်ရည်တွေကြောင့် WZ-7 ဟာ ဖိလစ်ပိုင်နိုင်ငံ အတွင်းမှာရှိတဲ့   တိုင်ဖွန်းစနစ်ရဲ့ လှုပ်ရှားမှုတွေကို ကောင်းစွာခြေရာခံနိုင်စွမ်း ရှိပါတယ်။

တိုင်ဖွန်းစနစ်က ပစ်ခတ်မှု လုပ်ဆောင်သည်ဖြစ်စေ၊ တည်နေရာရွှေ့ပြောင်းမှု လုပ်ဆောင်သည်ဖြစ်စေ  ဘယ်လိုလုပ် ဆောင်မှုမျိုးကို မဆို WZ-7 က ရှင်းလင်းတိကျစွာ စောင့်ကြည့်နိုင်ပါတယ်။

အကယ်၍ တိုမာဟော့လိုမျိုး ဒုံးကျည်မျိုးတွေတောင်မှ   တရုတ်နိုင်ငံအနီး ပတ်ဝန်းကျင်ကို ရောက်ရှိလာတယ်ဆိုရင် ဒုံးကျည်ရဲ့လှုပ်ရှားသွားလာမှု၊ ဒုံးကျည်ကိုဖြန့်ကြက်ထားတဲ့ တည်နေရာ အစရှိတဲ့ လှုပ်ရှားမှုမျိုးစုံကို   WZ-7  ဒရုန်းက

ကောင်းစွာတွက်ချက်မှုတွေ လုပ်ဆောင်နိုင်ပါတယ်။

သူ့ရဲ့  ဒီလိုမျိုး စွမ်းဆောင်ရည်ကြောင့်  ရန်သူ့ဆီကဒုံးကျည်က ဒုံးပစ်လောင်ချာကနေ ထွက်လာပြီဆိုတာနဲ့ မြေပြင်ကွပ်ကဲမှုစခန်းဆ ီချက်ချင်းသတင်းပို့ပြီး ထိရောက်တဲ့ တန်ပြန်ပစ်ခတ်မှုအတွက် အသင့်အနေအထားကို အမြန်ဆုံးဖြစ်ပေါ်စေမှာပါ။

အမေရိကန်ရဲ့ တာလတ်ပစ်ဒုံးကျည် လှုပ်ရှားမှုတွေကို ဂြိုဟ်တုကနေ ကင်းထောက်မှုတွေ လုပ်နိုင်ပေမယ့် မြေပြင်က အရာတွေ ကို သဲသဲကွဲကွဲတိတိကျကျ မမြင်ရပါဘူး။

ဒီအချိန်မှာ ဒရုန်းကိုအသုံးပြုခြင်းဟာ မြေပြင်မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ မြင်တွေ့နိုင်စွမ်းရှိပါတယ်။

ဒါကြောင့်    ပြောရမယ်ဆိုလို့ရှိရင် ဖိလစ်ပိုင်နိုင်ငံအနေနဲ့   တရုတ်နိုင်ငံရဲ့ ဒီလိုမျိုး စွမ်းဆောင်ရည်နဲ့ဒရုန်းကိုမြင်တွေ့နေရတာဟာ နည်းနည်းတော့ စိတ်လှုပ်ရှားမိမှာ အမှန်ပါပဲ။

အလားတူပဲ WZ-7 ရဲ့ အမြင့်ပျံသန်းနိုင်မှု စွမ်းရည်၊ တာဝေးကင်းထောက်နိုင်မှုစွမ်းရည်၊   ပုံစံမျိုးစုံကို ပစ်မှတ်ရှာဖွေ သတ်မှတ်ပြီး ခြေရာခံနိုင်တဲ့ စွမ်းဆောင်ရည်တွေကို အမေရိကန်ဘက်ကလည်း စိတ်လှုပ်ရှားမှာပါ။

တကယ်လို့များ    တရုတ်ပြည်သူ့ လွတ်မြောက်ရေး  တပ်မတော်အနေနဲ့ နည်းလမ်းပေါင်းစုံသုံး   တိုက်ခိုက်မှုကို အင်တိုက်အားတိုက် လုပ်လိုက်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ဆိုးဝါးသွားနိုင်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးမှာတော့ ဒီကနေ့ခေတ်ကြီးမှာ အကွာအဝေးဆိုတာ ပြောပလောက်တဲ့ အရာမဟုတ်တော့တာကို တွေ့ရမှာပါ။ လူဇွန်ကျွန်းစုကနေ တရုတ်ကမ်းရိုးတန်းအထိကို အကွာအဝေး တိုင်းကြည့်လိုက်ပါ။ အကွာအဝေးအားဖြင့် သိပ်မရှိပါဘူး။

ဒီအချိန်မှာ ဖိလစ်ပိုင်မှာရှိတဲ့ အမေရိကန်တို့က   အမြင့်ပျံဒုံးကျည်များ အပါအဝင် အမျိုးမျိုးသော လက်နက်စနစ်တွေကို    အသုံးပြုတိုက်ခိုက်မှုကို စတင်လုပ်ဆောင်လာပြီဆိုရင် တရုတ်တို့အတွက် တန်ပြန်တိုက်ခိုက်မှု လုပ်ဖို့ ကြာမြင့်ချိန်က စက္ကန့် ၃၀၀ သာလိုပါတယ်။

အကယ်၍  တခြားရေတပ်သင်္ဘောတွေနဲ့ လက်နက်တွေကိုသာ အသုံးပြုလိုက်မယ်ဆိုရင် တန်ပြန်တိုက်ခိုက်မှု အတွက် ကြာမြင့်ချိန်က  ပိုပြီး တိုတောင်းသွားဦးမှာပါ။

အမေရိကန်တို့ အနေနဲ့ ဖိလစ်ပိုင်မှာ တာလတ်ပစ်ဒုံးကျည်တွေ  ဖြန့်ကြက်ချထားတယ် ဆိုသော်ငြားလည်း အဲဒီဒုံးကျည်တွေရဲ့ ထိရောက်မှုစွမ်းရည်က ကန့်သတ်မှု ရှိပါတယ်။

အခုလိုမျိုး    လက်နက်စနစ်တွေကို ဖြန့်ကြက်ချထားခြင်းက အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်နဲ့ ကျွန်းတန်းမဟာဗျူဟာ တစ်ရပ်ဖြစ်တယ်လို့    ဆိုပေမယ့်လည်း တကယ်တမ်း တိုက်ခိုက်နိုင်မှုစွမ်းရည်က ပြောပလောက်အောင် မဟုတ်ပါဘူး။

လက်တွေ့ကျကျရှုထောင့်ကနေ စဉ်းစားကြည့်မယ်ဆိုရင် ကိုယ်ကတခြားသူနားကို ကပ်သွားလေလေ၊   ကိုယ့်ရဲ့ပါးကလည်း တခြားသူနား နီးသွားလေလေဖြစ်ပါတယ်။

ဆိုလိုတာက ကိုယ့်နားမှာရှိတဲ့သူကို ရန်လိုတဲ့ပုံစံနဲ့သွားပြီး    ပုတ်လိုက်တယ်ဆိုရင်ပဲ အနည်းဆုံးတော့ ကိုယ်ကသူ ထိုးတာကိုခံရမှာ မလွဲဧကန်ပါပဲ။

ဒါကြောင့် တရုတ်နိုင်ငံရဲ့ တံခါးဝအနီးမှာ တိုက်ခိုက်ရေးအတွက် လက်နက်တွေကို ဖြန့်ကြက်ချထားတယ်ဆိုရင် မြေပြင်၊ ရေပြင်၊ ဝေဟင်၊ အာကာသ ပေါင်းစပ် ကင်းထောက်မှုစနစ်က သူတို့ကိုကောင်းစွာ ထောက်လှမ်းစောင့်ကြည့်နိုင်မှာပါ။

ဒီအခြေအနေမှာ    တရုတ်နိုင်ငံရဲ့ စွမ်းဆောင်ရည်မြင့် လက်နက်တွေကိုသာ အသုံးပြုတုံ့ပြန်လိုက်မယ်ဆိုရင်  စစ်ဆင်ရေး တစ်ရပ်ပြီးမြောက်ဖို့အတွက် စက္ကန့် ၃၀၀ သာ အချိန်ယူရလိမ့်မယ်လို့ ဆိုနိုင်တာဖြစ်ပါတယ်။

အမေရိကန်တို့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ တာလတ်ပစ် ဒုံးကျည်စနစ်ကို ဖြန့်ကြက်ဖို့အတွက်  နာရီပေါင်းများစွာ အချိန်ယူရပါတယ်။

ဒါပေမဲ့   တရုတ်ရဲ့ထောက်လှမ်းမှု၊ တိုက်ခိုက်မှုစွမ်းဆောင်ရည်တွေ အောက်မှာတော့ ပျက်စီးဖို့ရာအတွက် အချိန်အားဖြင့် စက္ကန့် ၃၀၀ သာ လိုပါလိမ့်မယ်လို့ တရုတ်ကျွမ်းကျင်ပညာရှင်များက ပြောထားတာဖြစ်ပါတယ်။