ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော်  ဧပြီ  ၂၉

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရှိ တာဝန်ထမ်းဆောင် လျက်ရှိသည့် အရာထမ်းနှင့် အမှုထမ်းများအတွက်  စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနရုံး အမှတ်(၁)၌ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာကံဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ၅၁ ဦး တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက  သင်တန်း သားများအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ မူဝါဒများ၊ ဦးတည်ချက်များ၊ လုပ်ငန်းစဉ်များနှင့် အခြေခံသဘောတရား များကို သေသေချာချာ သိရှိနားလည်စေရန် လိုအပ်ပါကြောင်း၊ သင်တန်းပြီးချိန်တွင် သင်တန်းသားများ အနေဖြင့်  Group Pre-sentation  များကို အုပ်စုလိုက် လက်တွေ့ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်နှင့် မိမိတို့ဝန်ကြီးဌာနအပေါ် သစ္စာစောင့်သိ၍ ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ ဝန်ထမ်းလက်စွဲနှင့်အညီ စနစ်တကျ၊ စည်းကမ်းတကျဖြင့် ဆောင်ရွက်ရန်မှာကြားလိုပါကြောင်း၊ ယခုသင်တန်းမှ   စွမ်းဆောင်ရည်ပြည့်ဝသော အရာထမ်း/အမှုထမ်းကောင်းများ မွေးထုတ်ပေးနိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း၊  ဝန်ထမ်းများအနေဖြင့် ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိဆိုသည့်အချက်များနှင့် ပြည့်စုံသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပါစေကြောင်းနှင့် ယခုသင်တန်းကို အလေးအနက်ထား၍ တက်ရောက်စေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ဧပြီလ ၂၉ ရက်မှ ဇွန်လ ၁၇ ရက်အထိ  In Person ၂၂ ဦး၊ Online ဖြင့် ၂၉ ဦး စုစုပေါင်း ၅၁ ဦးဖြင့်     သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်း ကာလအတွင်း  ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် စီမံခန့်ခွဲမှု ဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်း လက်စွဲဘာသာရပ်နှင့် ဝန်ထမ်းများ သိရှိထားရမည့် ဘာသာရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရာရှိကြီးများနှင့် သင်တန်းနည်းပြများအား ဖိတ်ခေါ်၍ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။