မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခဲ့သည့် နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကျင်းပ

မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခဲ့သည့် နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကျင်းပ

ရန်ကုန်  ဧပြီ  ၂၉

မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခဲ့သည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးစပါး ရာသီတွင် မျိုးစေ့ချကိရိယာ (Seeder)အသုံးပြုစိုက်ပျိုးနိုင်ရေး တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က လှည်းကူးမြို့နယ် ဒါးပိန်တောင် ကျေးရွာအုပ်စု၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် တောင်သူဦးအောင်သန်း၏ လယ်မြေဧရိယာ နှစ်ဧကရှိ မနောသုခ(၂) နွေစပါးစံကွက် ရိတ်သိမ်းခြင်း၊ ချိန်တွယ်ခြင်းကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် တောင်သူဦးအောင်သန်းက စိုက်ခင်းအား Seeder ဖြင့်စတင်စိုက်ပျိုးသည့်ရက်မှ ရိတ်သိမ်း နိုင်သည့်အဆင့်ထိ လက်တွေ့စိုက်ပျိုးမှုများနှင့် သနပ်ပြင်ကျေးရွာမှ တောင်သူဦးအောင်လွင်က Seeder ဖြင့်စိုက်ပျိုးခြင်းကြောင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများကို ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧက ၁၁၇ တင်းထွက်ရှိကြောင်းနှင့် လှည်းကူး မြို့နယ်တွင် Seeder ဖြင့် စိုက်ပျိုးသည့်ဧက ၁၅၇၆၀ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။                   

ဝန်းရံခ