တောင်ကြီးလူရည်ချွန်စခန်း ဒသမတန်း လူရည်ချွန်မောင်မယ်များ အင်းလေးကန်အတွင်းရှိ တန်ခိုးကြီးဘုရားများအား ဖူးမြော်ကြည်ညို၊ အထင်ကရ နေရာများသို့ သွားရောက်လေ့လာ လည်ပတ်

 

တောင်ကြီးလူရည်ချွန်စခန်း ဒသမတန်း လူရည်ချွန်မောင်မယ်များ အင်းလေးကန်အတွင်းရှိ တန်ခိုးကြီးဘုရားများအား ဖူးမြော်ကြည်ညို၊ အထင်ကရ နေရာများသို့ သွားရောက်လေ့လာ လည်ပတ်

 

တောင်ကြီး  ဧပြီ  ၃၀

    ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားသည့် တောင်ကြီးလူရည်ချွန်စခန်းမှ လူရည်ချွန်မောင်မယ်လေးများနှင့် ကြီးကြပ်အုပ်ချုပ်သူ ဆရာ၊ ဆရာမများသည် ဧပြီလ ၃၀ ရက် နံနက် ၇ နာရီတွင် စုရပ်စခန်းမှ ထွက်ခွာကြရာ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ဟိုတယ်ဇုန်စက်လှေဆိုက်သို့ ရောက်ရှိကြရာ  ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူလေးများ၊ ရိုးရာယဉ်ကျေးမှု အဖွဲ့များက ပန်းကုံးများစွပ်၍ လည်းကောင်း၊ အိုးစည်ဗုံမောင်းများ တီးခတ်ပြီး ကိန္နရီ ကိန္နရာ၊ တိုးနရားအကများဖြင့် လည်းကောင်း၊ အလံငယ်များဝှေ့ယမ်း၍ လည်းကောင်း ကြိုဆိုခဲ့ကြသည်။

ရှေးဦးစွာ လူရည်ချွန်မောင်မယ်လေးများသည် ဟဲယာရွာမကျေးရွာရှိ စိန်သမာဓိငွေပန်းထိမ် လုပ်ငန်းသို့   ရောက်ရှိကြပြီး ငွေပန်းထိမ်လုပ်ငန်းရှင် ဦးစံလင်းက လုပ်ငန်းခွင်အတွင်း လိုက်လံရှင်းလင်းပြသ၍ ငွေထည်ပစ္စည်းများ ဆောင်ရွက်လုပ်ကိုင်ပုံ အဆင့်ဆင့်နှင့် ငွေပန်းထိမ်လုပ်ငန်း စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့ပုံ အကြောင်းများကို ရှင်းလင်းပြောကြားပြီး လူရည်ချွန်မောင်မယ်လေးများ၏    သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြား ပေးခဲ့သည်။

၎င်းနောက် လူရည်ချွန်မောင်မယ်လေးများသည် ခင်းကျင်းပြသထားသည့် ငွေထည်ပစ္စည်းများ၊ ရိုးရာအဝတ်အထည်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။  ထို့နောက် လူရည်ချွန်မောင်မယ်များသည် အထက သာလေးတွင်း နေ့လယ်စာ သုံးဆောင်ကြပြီး အင်းလေးဖောင်တော်ဦး ကျောင်းတော်သို့သွားရောက်ဖူးမြော်ကြရာ   ဂေါပကအဖွဲ့တာဝန်ရှိသူက ကြိုဆိုခဲ့ကြပြီး ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းနှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းကြ၍ ဘုရားဈေးတန်းအတွင်း အမှတ်ရပစ္စည်းများ ဝယ်ယူခြင်း အမှတ်တရမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် လူရည်ချွန်မောင်မယ်လေးများသည် နန်းပန်ကျေးရွာရှိ အလိုတော်ပေါက်ဘုးရားသို့ သွားရောက်၍  ဖူးမြော်ကြည်ညိုကြ၍ ပန်း၊ ရေချမ်းနှင့် အလှူငွေများလှူဒါန်းပူဇော်ခဲ့ကြပြီး ဘုရားကုန်းတော် တစ်ပတ်လေ့လာ လည်ပတ်ကြကာ အမှတ်တရလက်ဆောင် ပစ္စည်းများ  ဝယ်ယူခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် အလိုတော်ပေါက်ဘုရားမှ စက်လှေများဖြင့် ပြန်လည်ထွက်ခွာကြရာ ညောင်ရွှေမြို့သို့ရောက်ရှိပြီး   ညောင်ရွှေမြို့မှတစ်ဆင့် တောင်ကြီးလူရည်ချွန်စခန်းသို့ ဆက်လက်ထွက်ခွာခဲ့ကြကြောင်း  သိရှိရသည်။