ပြည်ပတွင်အလုပ်ရုံ ဆွေးနွေးပွဲများနှင့် သင်တန်းများ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြား

ပြည်ပတွင်အလုပ်ရုံ ဆွေးနွေးပွဲများနှင့် သင်တန်းများ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြား

နေပြည်တော်   မေ   ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ ဝန်ထမ်းများ၏ ပြည်ပအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းအတွေ့အကြုံများ ပြန်လည် ရှင်းလင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များ အနေဖြင့် ပညာရပ်အသီးသီး၏ အတွေ့အကြုံနှင့် ပညာရပ်ဗဟုသုတများ ပြန်လည်မျှဝေခြင်းဖြင့်  မိမိတို့ကိုယ်တိုင် သာမက လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများ၏  စွမ်းဆောင်ရည်မြင့်မားရေးအတွက် အထောက်အကူပြုနိုင်ကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဗဟုသုတများ ပြန့်ပွားစေခြင်းနှင့် နည်းပညာ အသစ်များအား မျှဝေ အသုံးပြုနိုင်စေရေး ဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍနှင့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြား သည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းပွဲတွင် ဗီယက်နမ်နိုင်ငံ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉  ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့်  နည်းပညာဖလှယ်ရေးညီလာခံနှင့် အာဖရိကဝက်တုပ်ကွေး  ကာကွယ်ဆေး မိတ်ဆက်ခြင်းတိုက်ရိုက်ထုတ်လွှင့်ပွဲ အခမ်းအနား၊ အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်ခဲ့သည့် ရေရှည်တည်တံ့သောရေလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာ သင်တန်း၊  ထိုင်းနိုင်ငံတွင် ၂၀၂၄ခုနှစ် မတ်လ၂၀ရက် မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် အရှေ့တောင်အာရှဒေသတွင် တရားမဝင် ငါးဖမ်းဆီးမှု တိုက်ဖျက်နိုင်ရန်အတွက် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု အားကောင်း လာစေရေးနှင့် နိုင်ငံအဆင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာစီမံကိန်း  အပြီးသတ် အလုပ်ရုံဆွေးနွေးပွဲနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက် မှ ၃၁ ရက်အထိ ကျင်းပခဲ့သည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်မှု နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲအတွေ့အကြုံများကို သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်စားလှယ်များနှင့်  ပညာတော်သင် အမှုထမ်း၊ အရာထမ်းများက ရှင်းလင်းတင်ပြကြရာ ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးသုံးသပ်ခဲ့ကြပြီး  ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ တောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် မိမိနိုင်ငံနှင့် လိုက်လျောညီထွေမည့် နည်းပညာများကို တောင်သူများထံသို့ ပြန်လည်ဆင့်ပွားပညာပေးရန် ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။        

(သတင်းစဉ်)