ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ပြီးနောက် နေအိမ်များမီးရှို့ခံရကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်း အမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ပြီးနောက် နေအိမ်များမီးရှို့ခံရကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်း အမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာရှိနေအိမ်များ မီးရှို့ခံရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားမှုဖြစ်စေရန်အတွက် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကလေးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က မေလ ၁ ရက်နေ့တွင် ပြည်တော်သာကျေးရွာအနီးသို့ရောက်ရှိစဉ် အသင့်စောင့်ဆိုင်း လျက်ရှိသည့် အကြမ်းဖက်သမားက လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ပြည်တော် သာ ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင် ပျက်စီးခဲ့ရကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် အကြမ်းဖက် သမားများ ပြည်တော်သာကျေးရွာ၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။          

တရားမဝင်ပြည်ဖျက်မီဒီယာများသည် သတင်းအမှန်များ ရေးသား ထုတ်လွှင့်ခြင်း မရှိဘဲ ပြည်သူများအား သတင်းတု၊ သတင်းအမှားများဖြင့်သာ သတင်းအဆိပ်ခတ် လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် တစ်ဖက်သတ်စွပ်စွဲရေးသား ချက်များကိုသာ ရည်ရွယ်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။