မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြကျေးရွာတွင်  စစ်မှုထမ်းရန် ကင်းလွတ်ခွင့် ပေးမည်ဟုဆိုကာ လူငယ်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ကောက်ခံလျက် ရှိကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြကျေးရွာတွင်  စစ်မှုထမ်းရန် ကင်းလွတ်ခွင့် ပေးမည်ဟုဆိုကာ လူငယ်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ကောက်ခံလျက် ရှိကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မေ ၂         

မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြကျေးရွာတွင်  စစ်မှုထမ်းရန် ကင်းလွတ်ခွင့် ပေးမည်ဟုဆိုကာ ဧပြီလ ၂၉ ရက်နေ့မှ စတင်ပြီး လူငယ်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံလျက်ရှိကြောင်း ကောလာ ဟလ သတင်းတု၊ သတင်းအမှားများကို အများပြည်သူ အထင်အမြင် လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက် ပေါ်တွင် ရေးသား ဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းသတင်းသည် မှန်ကန်မှုမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်မှု နှင့်ပတ်သက်၍ မသမာသူလူအချို့မှ ငွေတောင်း၍ လိမ်လည် မှုပြုလုပ်လျက် ရှိကြောင်းသိရှိရပြီး ပြည်သူများအနေဖြင့် လိမ်လည်မှုများမှ ရှောင်ရှားနိုင်ရန် အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်း မေးမြန်းခြင်းနှင့် သတင်းပို့ခြင်းပြုလုပ်ရန် ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်း နိုင်ကြောင်းနှင့်တရားမဝင်ပြည်ဖျက်မီဒီယာများမှ အရှက်တရားကင်းမဲ့စွာ လုပ်ကြံ ဖန်တီးရေးသားနေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ တာဝန်သိပြည်သူ များမှ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှုများလုပ်ဆောင်လျက်ရှိရာ  တရားမဝင် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အားပေး လူပုဂ္ဂိုလ်အချို့မှ အများပြည်သူ အထင်အမြင်လွဲမှားစေရန် အချိန်ကိုက်ဖန်တီး၍ သတင်းတု၊ သတင်းမှားများအား လုပ်ကြံဝါဒဖြန့်ရေးသား ခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။