နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ် ၁၄၆ တန်ကျော် ဖမ်းဆီးရမိ

 

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ် ၁၄၆ တန်ကျော် ဖမ်းဆီးရမိ

 

နေပြည်တော်  မေ  ၂

    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS)အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ဧပြီလ ၂၂  ရက်မှ  ၂၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း(၆၉ ဒသမ ၀၉၁၇)တန်၊ သစ်မာ (၆၃ဒသမ ၅၂၉၂) တန်၊ အခြား (၁၃ ဒသမ ၉၄၆၂)တန်၊ စုစုပေါင်း (၁၄၆ ဒသမ ၅၆၇၁)တန်၊  ယာဉ်/ယန္တရား (၈)စီး၊ တရားခံ (၂၃)ဦး ဖမ်းဆီးရမိခဲ့ပါကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။