ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် အကြမ်းဖက်သမား ၉၁ ဦးကို ရဲတပ်ဖွဲ့ချေမှုန်းနိုင်ခဲ့

 

ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် အကြမ်းဖက်သမား ၉၁ ဦးကို ရဲတပ်ဖွဲ့ချေမှုန်းနိုင်ခဲ့

 

    ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာ  ပက်တွန်ခဝါပြည်နယ်ရှိ  ရဲတပ်ဖွဲ့နှင့်  တရားဥပဒေစိုးမိုးရေး အဖွဲ့သည် ယခုနှစ်အတွင်း အကြမ်းဖက်သမား ၉၁ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က  မေလ ၃ ရက်တွင် ထုတ်ပြန်သည်။

ပါကစ္စတန်ရဲတပ်ဖွဲ့နှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများသည်   ယခု ၂၀၂၄ ခုနှစ် အစပိုင်းမှစ၍  ပြည်နယ်အတွင်း၌ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်မှု ၁၀၀၀ ကျော်ကို ဆင်နွှဲခဲ့ကြောင်း၊ အဆိုပါ စီးနင်းမှုများအတွင်း    ရာဇဝတ်မှုများ ကျူးလွန်မှုကြောင့် ရဲတပ်ဖွဲ့က  ဖမ်းဆီးရန် ကြိုးပမ်းနေသည့် အလိုအပ်ဆုံး အကြမ်းဖက်သမားများကို ချေမှုန်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ခိုင်ဘာ  ပက်တွန်ခဝါပြည်နယ်တွင် ယခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု ၁၇၉ မှုဖြစ်ပွားခဲ့ပြီး   ဇန်နဝါရီလတွင် တိုက်ခိုက်မှုအများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခုနှစ်  ဇန်နဝါရီလတစ်လအတွင်းမှာပင်  အဆိုပါပြည်နယ်အတွင်း အကြမ်းဖက်မှု ၆၀ မှုဖြစ်ပွားခဲ့ပြီး ဧပြီလတွင်မူ ၄၈   မှုသာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့်   တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက  လုပ်ဆောင်သည့် စီးနင်းမှုများအတွင်း အသေခံဗုံးခွဲ တိုက်ခိုက်ရာတွင်  အသုံးပြုသည့်   ဝတ်စုံနှစ်ခု၊ လက်ပစ်ဗုံး ၃၆ လုံး၊ ဖောက်ခွဲရေးပစ္စည်း၂၄၇ ကီလိုတို့အား အကြမ်းဖက်သမားများထံမှ    သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။