ဗီယက်နမ်တောင်ပိုင်းတွင် ပေါင်မုန့်စားသုံးမိသည့် လူ ၄ ၇ ဦးခန့် အစာအဆိပ်သင့်

 

ဗီယက်နမ်တောင်ပိုင်းတွင် ပေါင်မုန့်စားသုံးမိသည့် လူ ၄ ၇ ဦးခန့် အစာအဆိပ်သင့်

 

    ဗီယက်နမ်နိုင်ငံတောင်ပိုင်းတွင်  ဒေသတွင်းရှိ   မုန့်တိုက်တစ်ခုမှ ရောင်းချသည့် ပေါင်မုန့်ကိုစားသုံးမိသည့် လူ ၄၈၇ ဦးခန့်မှာ အစာအဆိပ်သင့်၍    ဆေးရုံသို့ တက်ရောက်ခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ဒုန်နိုင်ပြည်နယ်အတွင်း   လွန်ခဲ့သည့်ရက်ပိုင်းအတွင်းမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်။  ဆေးရုံသို့ တက်ရောက်ကုသသူများအနက် နှစ်ဦးမှာ စိုးရိမ်ရသည့်   အခြေအနေရှိသော်လည်း အခြားသူများမှာ ရောဂါပျောက်ကင်း၍ နေအိမ်များသို့    ပြန်သွားခွင့်ရရှိပြီဖြစ်ကြောင်း၊   အစာအဆိပ်သင့်မှုနှင့် စပ်လျဉ်း၍    ဆက်လက်စုံစမ်းလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအစာဘေးကင်းရေးနှင့် စီမံခန့်ခွဲရေး အဖွဲ့က  မေလ ၃  ရက်တွင် ပြောသည်။

အစာအဆိပ်သင့်မှုကို  ဖြစ်ပေါ်စေသည့် ပေါင်မုန့်အား လောင်ခန်းမြို့ရှိ ဘန်းမုန့်တိုက်မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး  ယင်းမုန့်တိုက်က ဧပြီလ  ၃၀ ရက်  တစ်ရက်တည်းမှာပင် ပေါင်မုန့်အလုံးပေါင်း  ၁၁၀၀  ကျော် ရောင်းချခဲ့ကြောင်း သိရသည်။

ယခုအခါ   အဆိုပါမုန့်တိုက်အား အာဏာပိုင်အဖွဲ့က  ပိတ်ထားပြီး ဆိုင်ရှင်များအား  စုံစမ်းစစ်ဆေးလျက်ရှိသည်။