မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်  မေ   ၃

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် မေလ ၂ ရက် ညနေ ၆ နာရီတွင်  ဘားအံမြို့နယ် ခရဲကမ်းနားကျေးရွာအုပ်စု     ဒူရိန်ကျေးရွာရှိ မောင်အမြင့်၏   နေအိမ်ကိုဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၄၀၀ ပြား၊ မြန်မာငွေကျပ် ၁၂ ဒသမ ၅၆၁ သိန်းကို လည်းကောင်း၊ အလားတူ မေလ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စု မကျည်းရေကျေးရွာအနီးတွင် နေလင်း မောင်းနှင်ပြီး မနန်းစံမွန်း လိုက်ပါလာသည့်   LAND   CRUISER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀၀ ကို လည်းကောင်း။

    ထို့ပြင် မေလ ၁ ရက် ည ၁၁ နာရီတွင်  ပူးပေါင်းအဖွဲ့သည်    သာစည်မြို့နယ်ကျွဲတပ်ဆုံ ကျေးရွာအုပ်စု   ကျွဲတပ်ဆုံကျေးရွာအနီးတွင်  EXPRESS   ခရီးသည်တင်မော်တော်ယာဉ်ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၉၆၀၀ ကို လည်းကောင်း  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။