ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ပဲခူး  မေ  ၃

    ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေး ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီ မိုးသီးနှံစိုက်ပျိုးသည့် ရာသီရောက်ရှိတော့မည်ဖြစ်ရာ မြေအမျိုးအစားနှင့်  စိုက်ပျိုးသီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ   စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူအသိပညာပေး သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများအား   ထုတ်ပေးနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများအလိုက် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီဖြစ်စေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအား Power Point  ဖြင့်  အသေးစိတ်ရှင်းလင်း တင်ပြကြရာ အစည်းအဝေး တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက်   ဖြည့်စွက် ရှင်းလင်းတင်ပြကြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်ချက်များ မှာကြားခဲ့ကြောင်း   သိရသည်။