လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျားစခန်းကျေးရွာရှိ ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေလျက်ရှိ

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျားစခန်းကျေးရွာရှိ ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မေ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ပျားစခန်းကျေးရွာအတွင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် မေလ ၂ ရက်နေ့တွင် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ် ရာရရှိခဲ့ကာ နေအိမ်များ ပျက်စီးခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများမရှိကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် တပ်မတော်အပေါ် နိုင်ငံရေးအရ ထိုးနှက် တိုက်ခိုက်ရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် မြေပြင်အခြေအနေနှင့်လွှဲမှားနေသည့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားပြီး ပြည်သူများအထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။