တစ်ဧက တင်း ၁၀၀ ကျော်ထွက်ရှိရေး စိုက်ပျိုးထားသည့် နွေသီးနှံ GW-11 စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

တစ်ဧက တင်း ၁၀၀ ကျော်ထွက်ရှိရေး စိုက်ပျိုးထားသည့် နွေသီးနှံ GW-11 စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

ကျောက်ဆည်  မေ  ၄

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ တစ်ဧက တင်း ၁၀၀ ကျော်ထွက်ရှိရေး အင်တိုင်းကျေးရွာမှ တောင်သူငါးဦး၏ လယ်မြေဧက ၂၀ တွင် စိုက်ပျိုးထားသည့် နွေသီးနှံ GW-11   စပါးစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိသည်။

တစ်ဧက တင်း ၁၀၀ ကျော်ထွက်ရှိရေး နွေသီးနှံ GW-11   စပါးများကို မင်းရဲ စိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းအတွင်းရှိ အင်တိုင်းကျေးရွာ ကွင်းအမှတ်(၁၄၉)တွင်   တောင်သူ ဦးဆန်းဦးက ၂ ဧက၊ ကွင်းအမှတ်(၁၄၉)တွင် တောင်သူ ဦးပွားက ၆ ဧက၊ ကွင်းအမှတ်(၁၄၉)တွင်  တောင်သူဦးအေးလွင်က ၄ ဧက၊ ကွင်းအမှတ်(၁၅၃) တွင် တောင်သူဦးကျော်လွင်မိုးက ၂ ဧက၊ ကွင်းအမှတ်(၁၄၉)   တွင် တောင်သူဦးတိုးဝေညွန့်က ၆ ဧက စုစုပေါင်းဧက ၂၀ စိုက်ပျိုးထားကြောင်း သိရသည်။

ွျှ-၁၁  စပါးမျိုးများစိုက်ပျိုးရာ၌ တစ်ဧကစာအတွက် စပါးမျိုးတစ်တင်းပျိုးထောင်ပြီး ပျိုးသက်တမ်းရက် ၂၀ တွင် မြေခံအဖြစ် ၁၅ ပတ်လည်ကွန်ပေါင်း မြေသြဇာတစ်အိတ် အသုံးပြု၍ ပင်ကြား၊တန်းကြား (၈ လက်မ x  ၆ လက်မ) အကွာအဝေးထားကာ ပြောင်းရွှေ့စိုက်ပျိုးကြသည်။

ထို့ပြင်ပြောင်းရွှေ့စိုက်ပျိုးပြီး ၁၄ ရက်တွင် ပေါင်းနုတ်ခြင်း၊ တမန်းနိုးခြင်းများပြုလုပ်၍ ယူရီးယားမြေသြဇာ တစ်အိတ်ကြဲပက်ကြောင်း၊ အပင်သက်တမ်းရက် ၆၀ တွင် ပေါင်းနုတ်ခြင်း၊ ရေသွင်းခြင်းများပြုလုပ်၍ ယူရီးယားမြေသြဇာ တစ်အိတ်နှင့်နွားချေးသုံးဆရော၍ ကြဲပက်ကြောင်း၊ ရက်ပေါင်း၈၅ ရက် ပန်းပွင့်လှိုင်ချိန်တွင် ပိုတက်မြေသြဇာလေးပုံတစ်ပုံအိတ်နှင့် ယူရီးယားအိတ်တစ်ဝက် ရော၍ ကြဲပက်ပြီး ရေသွင်းပေးခြင်းများပြုလုပ်၍ ရက်ပေါင်း ၁၁၅ ရက်ကျော်တွင် အောင်မြင်သည့် စပါးများရရှိပြီး စတင်ရိတ်သိမ်းခြွေလှေ့ခြင်းများ ပြုလုပ်မည်ကြောင်း သိရသည်။