33rd Junior Golf Myanmar Championship ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 

33rd Junior Golf Myanmar Championship  ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 

နေပြည်တော် မေ  ၄

    မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်က ကြီးမှူး၍ Junior Golf Myanmar (JGM)  ၏ (၃၃) ကြိမ်မြောက် မျိုးဆက်သစ် လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့နှင့် ဆုပေးပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌   ကျင်းပသည်။

ရှေးဦးစွာ   မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်က ကြီးမှူးဆောင်ရွက်လျက်ရှိသည့် World Handicap System နှင့်ပတ်သက်သည့် ဂေါက်ကွင်းများ ခက်ခဲမှုတိုင်းတာသည့်  Course Rating အကြောင်းအား Handicap  ကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်ဝင်းက ရှင်းလင်းပြောကြားပြီး  မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက  R&A Level 3 Tournament Administrators and Referees Seminar  စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ဦးဇေယျာထွဋ်အား ဂုဏ်ပြုငွေ အမေရိကန်ဒေါ်လာ ၅၀၀ ကို ပေးအပ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမြင့်အောင်က ပြိုင်ပွဲအား  လက်ခံကျင်းပသော မြို့တော်ဂေါက်ကွင်းနှင့် အချိုရည်များ တိုက်ကျွေးသောKing International School တို့အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်အား ပေးအပ်ရာမြို့တော်ဂေါက်ကွင်း အထွေထွေမန်နေဂျာ ညွှန်ကြားရေးမှူး ဦးမင်းညွန့်နှင့် King International School တို့က လက်ခံရယူသည်။

ထို့နောက်   မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက အသက် ၁၂ နှစ်အောက်(အမျိုးသား) သက်တမ်းတွင် တတိယဆုရရှိသော ရဲမင်းသန့်၊ ဒုတိယဆုရရှိသော ဇာနည်ထွန်းဝင်း၊ ပထမဆုရရှိသော အောင်သန်းထွဋ်၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်လွင်လွင်အောင်က အမျိုးသမီး ၁၄ နှစ်အောက်  သက်တမ်းတွင် တတိယဆုရရှိသော မိုးမခကျော်သူ၊ ဒုတိယဆုရရှိသော သီရိခိုင်ဇော်၊  ပထမဆုရရှိသော ယုယု၊ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်မြင့်မြင့်သန်းက အမျိုးသမီး ၁၈ နှစ်အောက် သက်တမ်းတွင်   တတိယဆုရရှိသော ဆုနှင်းဖြူ၊  ဒုတိယဆုရရှိသော လက်ျာလေးဖြူ၊   ပထမဆုရရှိသော ချိုသာအောင်၊   မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်  ဒုတိယဥက္ကဋ္ဌ ဦးဇာနည်ဝင်းက အသက် ၁၄ နှစ်အောက် (အမျိုးသား) သက်တမ်းတွင်  တတိယဆုရရှိသော  ကျော်သံလွင်ဟိန်း၊ ဒုတိယ ဆုရရှိသော နိုင်ဦးကို၊ ပထမဆုရရှိသော ထွန်းထွန်းဦးတို့ကို  ဆုများပေးအပ် ချီးမြှင့်သည်။

ယင်းနောက်   မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက အသက် ၁၈ နှစ်အောက် (အမျိုးသား) သက်တမ်းတွင် တတိယဆုရရှိသော ကောင်းပြည့်ဖြိုးကျော်၊ ဒုတိယဆုရရှိသော လင်းပြည့်မောင်၊    ပထမဆုရရှိသော မင်းခန့်သော်တို့ကို ဆုများ ပေးအပ်ခဲ့ကြောင်း   သိရသည်။