အင်ဒိုနီးရှား၌ ရေကြီးမှုနှင့် မြေပြိုမှုတို့ကြောင့် သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်

 

အင်ဒိုနီးရှား၌ ရေကြီးမှုနှင့် မြေပြိုမှုတို့ကြောင့် သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်

 

    အင်ဒိုနီးရှားနိုင်ငံ၌ဖြစ်ပွားသော ရေကြီးမှုနှင့်မြေပြိုမှုတို့ကြောင့် သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်လာကြောင်း သဘာဝဘေး အေဂျင်စီက မေလ ၄ ရက်တွင် ထုတ်ပြန်သည်။

ယခုကဲ့သို့ရေကြီးမှုနှင့် မြေပြိုမှုများသည် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်ဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် တောင်ဆူလာဝေဆီပြည်နယ်ရှိ နေအိမ် ၁၈၀၀ ကျော်မှာ ရေလွှမ်းမိုးမှုခံရကြောင်း အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေလွှမ်းမိုးခံရသည့်နေအိမ်များ အနက်  ၁၀၃ လုံးမှာ လုံးဝပျက်စီးသွားပြီး ၄၂ လုံးမှာ  ရေစီးနှင့်အတူ မျောပါသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ရေဘေးသင့်ပြည်သူ ၁၁၅ ဦးမှာ နေအိမ်စွန့်ခွာထွက်ပြေးရပြီး ဘေးကင်းရာအရပ်ရှိ နေအိမ်များနှင့် ဗလီများတွင် နေထိုင်နေရသည်။

တစ်ချိန်တည်းမှာပင် သဘာဝဘေးသင့်ဒေသ၌  ကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ရှိသူများက ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းကပြောထားသည်ဟု သိရသည်။