၂၀၂၄ ခုနှစ် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကျင်းပသည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ ၂၄၀ ဦးနှင့် သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ ၃၇ ဦးရှိ

 

၂၀၂၄ ခုနှစ် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကျင်းပသည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ ၂၄၀ ဦးနှင့် သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ ၃၇ ဦးရှိ

 

နေပြည်တော် မေ  ၄

    နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင်  ဖြေဆိုရန် မှတ်ပုံတင်ထားပြီး ဖြစ်သော်လည်း လုံခြုံရေး အခြေအနေအရ စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများကို  အထူးအစီအစဉ်တစ်ရပ် အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့်အတူ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့   ကျောင်းသား၊ ကျောင်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲ ဖြေဆိုစေလျက်ရှိသည်။

အဆိုပါ အထူးအစီအစဉ် တစ်ရပ်အနေဖြင့်  ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၄၄၂ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း၂၄၀ ဦး ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် သမိုင်းဘာသာရပ်၌ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၉၃ ဦးရှိပြီးလာရောက်ဖြေဆိုသူ  စုစုပေါင်း ၃၇ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၃၉ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

Description: C:\Users\DSITD-95\Desktop\5-5-2024\55252.JPG

Description: C:\Users\DSITD-95\Desktop\5-5-2024\55253.JPG