ကော့ကရိတ်မြို့၌ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်မိသားစုဝင်များ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်

 

ကော့ကရိတ်မြို့၌ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်မိသားစုဝင်များ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်

 

ကော့ကရိတ်  မေ   ၄

    ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် အကြမ်းဖက် သောင်းကျန်းသူများသည်  ရပ်ကွက်/ကျေးရွာအုပ်စုများသို့ အတင်းအဓမ္မ ဝင်ရောက်ပြီး တိုက်ပွဲဖော်ဆောင်သည့်အတွက်   ဒေသခံပြည်သူများ အနေဖြင့်ဘေးလွတ်ရာ မြို့ရွာများရှိ မိဘဆွေမျိုးများ နေအိမ်နှင့် ဘာသာရေး အဆောက်အဦများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရကာ ဒေသခံပြည်သူများ မူလနေထိုင်ရာနေရာဒေသနှင့် အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရသည့် အတွက် ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) အစည်းအဝေးကို မေလ ၃ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးစောထွန်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးရာ ဝန်ကြီး ဦးညီညီဇော်တို့က ထပ်ဆင့် ဆွေးနွေး ပြောကြားကာ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများ အလိုက်  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို  ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက ဒေသအခြေအနေနှင့် လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို   ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာသူများ ဝိုင်းဝန်းအကြံပြု  ဆွေးနွေးတင်ပြခဲ့ကြပြီး ပြန်လည်ထူထောင်ရေး ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက်  ကော့ကရိတ်မြို့အတွင်း လမ်းမများပေါ်တွင် လဲပြိုနေသော သစ်ပင်ကြီးများနှင့်   လျှပ်စစ်ကြိုးများ ရှင်းလင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည့် နေအိမ်မိသားစုဝင်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ကို     ခရိုင်/မြို့နယ် တာဝန်ရှိသူများက  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။