(၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းများဆောင်ရွက်

(၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းများဆောင်ရွက်

ရန်ကုန် မေ ၅

တောင်ကြီး

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့ ကံကြီးရပ်ကွက် တောင်ကြီးဟိုပုံးလမ်းရှိ တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနရုံး၌မေလ ၅ ရက် နံနက်ပိုင်းတွင် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ စစ်ရေးပြတပ်စုများက နိုင်ငံတော်အလံအား အလေးပြုပြီးကျဆုံးလေပြီး သော တပ်ဖွဲ့ဝင်များအား အလေးပြုကာသစ္စာအဓိဋ္ဌာန်လေးချက် ရွတ်ဆိုကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြား သည်။

ယင်းနောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က စခန်းသာယာလှပရေး ဆု ရရှိသော ပင်းတယမြို့နယ် မီးသတ်စခန်းနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူများ အား ဆုများချီးမြှင့်ပေးအပ်သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များကရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး စွမ်းရည်အမျိုးမျိုးတို့ကို သရုပ်ပြသကြပြီးပြည်နယ်ဝန်ကြီးချုပ်က စွမ်းရည်ပြသည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက်ပံ့ပိုးငွေကျပ် ၁၀ သိန်း ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများကိုကြည့်ရှုကြောင်း သိရသည်။

မိုးညှင်း

ကချင်ပြည်နယ် မိုးညှင်းမြို့၌ (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားနှင့်ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြသခြင်းများကို  မေလ ၄ ရက် နံနက်ပိုင်းတွင် ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်၍ (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ခရိုင်မီးသတ်ဦးစီးဌာနမှ ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း အမျိုးအစားများကို ခင်းကျင်းပြသထားရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မီးသတ်သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးကြသည်။

ထို့နောက် သဏ္ဌာန်တူသရုပ်ပြသခြင်းများကိုဆက်လက်ဆောင်ရွက်ရာ တက်ရောက် လာကြသူများက စိတ်ပါဝင် စားစွာ ကြည့်ရှုအားပေးကြောင်း သိရသည်။

စစ်ကိုင်း

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အား ဖြင့် စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များစုပေါင်း၍ စစ်ကိုင်းမြို့ ခုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ မေလ ၄ ရက်တွင် စုပေါင်းသွေးလှူဒါန်း ကြသည်။

 "ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်များ အနေနဲ့ စုပေါင်းသွေးလှူဒါန်းမှုကို နှစ်စဉ် လှူဒါန်းဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ သွေးလှူဒါန်းပြီးရင် ဇေယျာရပ်ကွက်ရှိ အိမ်ထောင်စု ၅၀၊ လူဦးရေ ၂၀၀ အတွက် သောက်သုံးရေဂါလန်ပေါင်း ၂၈၀၀ ကိုလည်း ဆက်လက်လှူဒါန်းပေး သွား ဦးမှာပါ"ဟု မြို့နယ်မီးသတ် ဦးစီးမှူးက ပြောသည်။ စစ်ကိုင်းခရိုင် မြို့နယ်မီးသတ် ဦးစီး ဌာနအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များအဖြစ် စုပေါင်းသွေးလှူဒါန်းခြင်း၊ မီးဘေးအန္တရာယ်အသိပညာပေး ဆွေးနွေး ပွဲများ ဆောင်ရွက်ခြင်း၊ မီးဘေးကာကွယ် ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ နွေရာသီသောက်သုံးရေ အခက်အခဲရှိ သော ရပ်ကွက်/ ကျေးရွာများသို့ သောက်သုံးရေများလှူဒါန်းပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။