နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဖွင့်ပွဲ ကျင်းပ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဖွင့်ပွဲ ကျင်းပ

 

နေပြည်တော်၊ မေ - ၆

    နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ တိုင်းရင်းသားအမျိုးသမီးငယ်များ၏ လူနေ မှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်၊ အမျိုးသမီး များ အိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာများကို တတ်မြောက်ကျွမ်းကျင်ပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများထူထောင်နိုင်သည်အထိ လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အမျိုးသမီး အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာသင်တန်းကျောင်း(လားရှိုး)၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူများနှင့် သင်တန်းနည်းပြ ဆရာမများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးက သင်တန်းအဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အဆိုပါသင်တန်းကျောင်း  ကျောင်းအုပ်ဆရာမကြီးမှ သင်တန်းကာလတွင် သင်ကြား ပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းမှူး က သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ သင်တန်းသူများကိုယ်စား ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူသည်။

    ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသည့်  အဆင့်မြင့် အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း ထုတ်ကုန်ပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်း များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ ၄ ရက်အထိ သင်တန်းသူ ၃၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။