ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ

 

ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော်၊ ၂၀၂၄ မေ ၆

     ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ မိသားစုဝင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ် စေရန် ရည်ရွယ်၍ ကွန်ပျူတာအခြေခံသင်တန်း(၁/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်   ဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား/ သင်တန်း သူများ တက်ရောက်ကြသည်။

    ဦးစွာ  တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။  ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး သင်တန်းသား/သင်တန်းသူများ၏ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

      အဆိုပါကွန်ပျူတာအခြေခံသင်တန်းကို သင်တန်းသား/သင်တန်းသူ ၃၆ ဦး ဖြင့် မေ ၂၄ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။