အမျိုးသားမြေဥပဒေရေးဆွဲ ပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပ

 

 

အမျိုးသားမြေဥပဒေရေးဆွဲ ပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပ

 

နေပြည်တော်   မေ  ၆

    အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတ ဖြစ်ရေး လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူး   ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပထမမူကြမ်းပါ အခန်းများ ဖွဲ့စည်းဆောင်ရွက်ထားမှု အခြေအနေကို ဖတ်ကြား တင်ပြသည်။

 ထို့နောက်  တက်ရောက်လာကြသည့် ကော်မတီဝင်များက  မူကြမ်းအပေါ် စိစစ် ဆွေးနွေးခဲ့ကြသည်။