(၃၂)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ကျင်းပ

 

(၃၂)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ကျင်းပ

 

နေပြည်တော်  မေ  ၆

    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီး၍ (၃၂)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ဘက်စုံသဘာဝဘေးကြိုတင်သတိပေး ဗဟိုဌာန (Multi-Hazard Early Warning Center)) အစည်းအဝေးခန်းမ၌ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဆောင်ရွက်နေသော ဌာနများ၊ စိုက်ပျိုးရေး ဆောင်ရွက်နေသော ဌာနများ၊ ရေနှင့်ပတ်သက်၍ ဆောင်ရွက်နေသော ဌာနများ၊ အခြားဆက်စပ် ဌာနများမှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့်    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

(၃၂)ကြိမ်မြောက်   မုတ်သုံဖိုရမ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီကာလ(အနောက်တောင် မုတ်သုံရာသီကာလ)အတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ယေဘုယျခန့်မှန်းချက် များတင်ပြဆွေးနွေးခြင်း၊    စိုက်ပျိုးရေး မိုးလေဝသ အခြေအနေနှင့် မိုးလေဝသ အသုံးအနှုန်းများ၊ မြန်မာနိုင်ငံနှင့်  ငလျင်ဘေး အန္တရာယ်အကြောင်းတို့ကို ရှင်းလင်းတင်ပြခြင်း၊ ရာသီအလိုက် ခန့်မှန်းချက်များကို အသုံးပြုသည့် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပြီးခဲ့သည့် ၂၀၂၃ - ၂၀၂၄ ခုနှစ်  ဆောင်းရာသီ ကာလအတွင်း ကြုံတွေ့ခဲ့ရသော ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ အတွေ့အကြုံများနှင့် သင်ခန်းစာများကို ဆွေးနွေးခြင်းနှင့် လာမည့် ၂၀၂၄ ခုနှစ် မိုးရာသီ ကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများ တင်ပြဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပြုချက်များကို ဆွေးနွေးခြင်းမျာ းဆောင်ရွက်ခဲ့ကြောင်း သိရသည်။