မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုဆုပေးအပ်

 

မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုဆုပေးအပ်

 

    မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ်  လူရည်ချွန်မောင်မယ် များအား ဂုဏ်ပြုဆုပေးပွဲ  အခမ်းအနားကို မေလ ၆ ရက်  နံနက်ပိုင်းတွင်  မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမင်းအောင်က လူရည်ချွန်မောင်မယ်များအတွက် ချီးကျူး ဂုဏ်ပြုစကားနှင့် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ် ငါးဦးအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊ ခရိုင်အမျိုးသမီးရေးရာ အသင်း ဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။

မြင်းခြံမြို့နယ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်မောင်မယ် ငါးဦး ဖြေဆို အောင်မြင်ကြောင်း သိရသည်။