ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်းကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ခန့်ရရှိနိုင်စေရန် အစိုးရ ပုဂ္ဂလိကနှင့် စပါးစိုက်တောင်သူများ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်

 

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်းကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ခန့်ရရှိနိုင်စေရန် အစိုးရ ပုဂ္ဂလိကနှင့် စပါးစိုက်တောင်သူများ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်

 

ရန်ကုန် မေ  ၆

    ယခုဘဏ္ဍာနှစ်တွင်  ပြည်ပသို့  ဆန်တန်ချိန် နှစ်သန်းကျော် တင်ပို့ပြီး အမေ ရိကန်ဒေါ်လာ သန်း ၁၁၀၀ ခန့် ရရှိနိုင်စေရန်အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် စပါးစိုက်တောင်သူများ    ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း    မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

ယခုဘဏ္ဍာနှစ်တွင်  ပြည်ပသို့  ဆန် တန်ချိန်     နှစ်သန်းကျော် တင်ပို့နိုင်ရန် တောင်သူလယ်သမားများ   လိုအပ်သော စိုက်ပျိုးစရိတ်၊ မျိုးစေ့နှင့် မြေသြဇာများကို လာမည့်မိုးစပါး စိုက်ပျိုးရာသီအမီ ကျေးရွာ များအရောက် ဖြန့်ဖြူးပေးနိုင်ရေးအတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့  ပူးပေါင်း၍ လုပ်ငန်းစဉ်ချမှတ်ကာ   စီစဉ်ဆောင်ရွက်မည်ဖြစ်သည်။

“ဒီဘဏ္ဍာနှစ်မှာ    ပို့ကုန်ရည်မှန်းချက်အနေနဲ့     ဆန်တန်ချိန်နှစ်သန်းကျော် အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ လောက် ပို့ကုန်ဝင်ငွေရရှိဖို့ ရည်မှန်းထားပါတယ်။ ဒီရည်မှန်းချက်တွေ  ပြည့်မီအောင်လုပ်ဖို့ဆိုရင် ပြည်တွင်းစားသုံးတဲ့ ဆန်တွေအပြင် ပြည်ပတင်ပို့တဲ့ဆန်တွေလည်း    များများထွက်ရှိပြီး အထွက်နှုန်းကောင်းဖို့လိုအပ် ပါတယ်။ အဲဒီလိုအထွက်နှုန်းတွေ ကောင်းဖို့အတွက် အစိုးရ၊ ပုဂ္ဂလိကနဲ့ စပါးစိုက် တောင်သူတွေ ပူးပေါင်းဆောင်ရွက်မှာပါ။ အဓိကက     တောင်သူလယ်သမားတွေ လိုအပ်တဲ့  စိုက်ပျိုးစရိတ်၊ မျိုးစေ့နဲ့  မြေသြဇာ စတာတွေကို   လာမယ့်မိုးစပါးစိုက် ပျိုးရာသီအမီ ကျေးရွာတွေအရောက် ဖြန့်ဖြူးပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပါမယ်”ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောသည်။

ယခုအခါ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လာမည့်မိုးစပါး စိုက်ပျိုးရာသီတွင် နိုင်ငံတစ်ဝန်း၌ စိုက်ပျိုးရေးလုပ်ငန်းများ  အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်စေရေး၊ ပြည်တွင်း၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးတို့အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ကုမ္ပဏီများ နှင့်ပူးပေါင်းကာ တောင်သူများ လိုအပ်သော စိုက်ပျိုးစရိတ်၊ မျိုးစေ့နှင့် မြေသြဇာများကို အချိန်မီပံ့ပိုးပေးနိုင်ရန် စတင်စီစဉ်ဆောင် ရွက်နေပြီဖြစ်သည်။

ထို့ပြင်   ပြည်ပသို့   ဆန်စပါးတင်ပို့မှု တိုးတက်မြင့်မားရေးသာမက   ပြည်တွင်း စားသုံးမှုဖူလုံစေရေး၊  နိုင်ငံ့စီးပွားမြှင့်တင်ရေး တို့အတွက်လည်း  ပြည်တွင်း၌  ကန် ထရိုက်လယ်ယာစနစ်များ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် သက် ဆိုင်ရာသွင်းအားစု ကုမ္ပဏီများ၊   ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ၊  မျိုးစေ့ထုတ် လုပ်ငန်းများနှင့်  ပူးပေါင်း ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။