သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်) မျိုးစေ့ပေးအပ်ပွဲနှင့်အတူ ကြဲပက်ခြင်း ဆောင်ရွက်

 

သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်) မျိုးစေ့ပေးအပ်ပွဲနှင့်အတူ ကြဲပက်ခြင်း ဆောင်ရွက်

 

ဘိုကလေး မေ ၆

    ဧရာဝတီတိုင်းဒေသကြီး    ဖျာပုံခရိုင် ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  မိုးစပါးရေတော် မိုးတော်ဧကများ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆန် လျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် အတူ ကြဲပက် ခြင်းအခမ်းအနားကို မေလ  ၆  ရက်တွင် ဘိုကလေးမြို့နယ်     သပြုကုန်းကျေးရွာ အုပ်စု ကွင်းအမှတ် (၆၇၂-ခ) ဦးပိုင်အမှတ် (၁၂၈)ရှိ ဦးငြိမ်း၏ လယ်ယာမြေငါးဧက နှင့် သာပေါင်းကျေးရွာအုပ်စု ကွင်းအမှတ် (၆၇၀) ဦးပိုင်အမှတ်(၇၂)ရှိ ဦးစံသောင်း ၏ လယ်ယာမြေ ၁၁ ဧကတို့၌  ဆောင်ရွက်သည်။

အခမ်းအနားသို့ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု     တိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းစိုးဦးနှင့်ဝန်ထမ်းများ၊    ဒေသခံ တောင်သူများ တက်ရောက်ကြပြီး လယ်ယာမြေများအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆန် လျှော်)မျိုးစေ့များ စုပေါင်းကြဲပက်ကြသည်။

ထို့နောက် တာဝန်ရှိသူများက ဒေသခံ တောင်သူများအား ၎င်းတို့၏ လယ်ယာ မြေများအတွင်း သစ်စိမ်းမြေသြဇာ (ပိုက် ဆန်လျှော်) မျိုးစေ့ထည့်သွင်းစိုက်ပျိုးနိုင်ရန် မျိုးစေ့များ ပေးအပ်ခဲ့ကြောင်းနှင့် လယ် ယာမြေများအတွင်း   သစ်စိမ်းမြေသြဇာ (ပိုက်ဆန်လျှော်)မျိုးစေ့ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတွင်းအာဟာရဓာတ်ကြွယ်၀ စေ၍ မြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်း၊ ပိုးမွှားကျရောက်မှုကို    တားဆီးပေးခြင်း၊ သီးနှံအထွက်နှုန်းတိုးတက်ခြင်း၊ ဓာတ်မြေ သြဇာစရိတ် လျှော့ချနိုင်ခြင်း၊ မျိုးအဖြစ် ထုတ်လုပ်ပါက  အပိုဝင်ငွေရရှိနိုင်ခြင်း  စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း   သိရသည်။