မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံများ လှူဒါန်းနိုင်

 

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံများ လှူဒါန်းနိုင်

 

နေပြည်တော်  မေ  ၆

    နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာစောင်များ  အလွယ်တကူဖတ်ရှု လေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့်   စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက် ရှိသကဲ့သို့ စေတနာရှင် အလှူရှင်များကလည်း ပြည်သူများ အလွယ်တကူ စာပေလေ့လာ ဖတ်ရှုနိုင်စေရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက် ရှိပါသည်။

ယခုအခါ ပြည်သူများစာပေ ဖတ်ရှုလေ့လာစေရေးနှင့်   စာအုပ်စာစောင်များကို လက်လှမ်းတမီ ထားရှိပေးနိုင်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံ လိုအပ်နေသော နေရာများတွင် ဆောက်လုပ်လှူဒါန်း ပေးသွားမည်ဖြစ်ရာ “ပညာဒါန”အလှူအဖြစ် လှူဒါန်းလိုပါက ဖော်ပြပါစာကြည့်တိုက် အဆောက်အအုံတစ်ခုလျှင် ကျပ်သိန်း (၁၅၀)ဖြင့် ဆောက်လုပ်လှူဒါန်း နိုင်ပါကြောင်းနှင့်    ပေးအပ်လှူဒါန်းလိုပါက အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်-

-        ညွှန်ကြားရေးမှူး(ထုတ်လုပ်)

          ပြန်/ဆက်ဦးစီးဌာန

          ဖုန်း-၀၁-၃၇၁၃၄၂ /၀၆၇-၃၄၁၂၃၇၁/ ၀၉-၄၂၁၀၄၆၇၁၅

-        ညွှန်ကြားရေးမှူး(ပြန်ဆက်)

          ပြန်/ဆက် ဦးစီးဌာန

          ဖုန်း-၀၆၇-၃၄၁၂၁၆၄

-        တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်/ဆက်

          ဦးစီးဌာနရုံးများ

ပြန်ကြားရေးဝန်ကြီးဌာန