တောင်ကိုရီးယားနိုင်ငံ၏ အလုပ်လုပ်နိုင်သည့် လူဦးရေပမာဏကျဆင်း

 

တောင်ကိုရီးယားနိုင်ငံ၏ အလုပ်လုပ်နိုင်သည့် လူဦးရေပမာဏကျဆင်း

တောင်ကိုရီးယားနိုင်ငံ၏ အလုပ်လုပ်နိုင်သည့်အရွယ်ရှိ လူဦးရေပမာဏသည် ကျဆင်းလျက်ရှိပြီး ၂၀၄၄ ခုနှစ်တွင် ၁၀ သန်းနီးပါး အထိကျဆင်းမည်ဟု မျှော်လင့်ရကြောင်း အချက်အလက်များက ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြားရှိသူအရေအတွက်သည် ၃၆ ဒသမ ၅၇ သန်းရှိရာမှ ၂၀၄၄ ခုနှစ်အရောက်တွင် ၂၇ ဒသမ ၁၇ သန်းအထိကျဆင်းသွားနိုင်ဖွယ်ရှိသည်။

အလားတူ ပြီးခဲ့သည့်နှစ်တွင် မူလတန်း ကျောင်းများသို့ တက်ရောက်သူအင်အား သည် ၄၃၀၀၀၀ ရှိရာမှ ၂၀၄၄ ခုနှစ် အရောက်တွင် ထက်ဝက်ခန့်ကျဆင်းပြီး ၂၂၀၀၀၀ ခန့်သာရှိမည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသည်။

ထို့ပြင် ၂၀၆၀ ပြည့်နှစ်အရောက်တွင် တစ်နှစ်အတွင်း သေဆုံးသူဦးရေ ၇၄၆၀၀၀ ရှိပြီး မွေးဖွားလာမည့်သူ အရေအတွက်မှာ ၁၅၆၀၀၀   ခန့်သာရှိနိုင်သောကြောင့် လူဦးရေကျဆင်းမှု  ၅၉၀၀၀၀ ခန့်ရှိမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၅၁ ဒသမ ၇၁ သန်းရှိခဲ့သည့် နိုင်ငံ့လူဦးရေက ၂၀၆၅ ခုနှစ်အရောက်တွင် ၃၉ ဒသမ ၆၉ သန်းအထိ ကျဆင်းသွား မည်ဟု စာရင်းအချက်အလက်များအရ မျှော်မှန်းရသည်။

တောင်ကိုရီးယားနိုင်ငံအတွင်း အလုပ် လုပ်နိုင်သည့် အသက်အရွယ်ရှိသူအရေအတွက် ကျဆင်းမှုက စားသုံးမှုကိုကျဆင်း စေကာ ပြည်တွင်းဈေးကွက်အပေါ်ကြီးမား သောသက်ရောက်မှုရှိစေသည်။

ထို့အတူ သက်ကြီးရွယ်အိုများအပေါ် ပြုစုစောင့်ရှောက်မှုအတွက် ဝန်ထုပ်ဝန်ပိုး တိုးလာစေပြီး စီးပွားရေးကျဆင်းမှုကို မြန်ဆန်စေကာ ရေရှည်တိုးတက်မှုကိုနှေးကွေးစေမည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် ကလေး မွေးဖွားမှုနှုန်း အလွန်ကျဆင်းနေသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကာ ပျမ်းမျှအားဖြင့် နိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ ကလေးမွေးဖွားပေးနိုင်ခြေမှာ သုည ဒသမ ၇၂ သာ ရှိကြောင်း သိရသည်။ 

 Ref: Yonhap