မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၀၀ ဘီလီယံ တန်ဖိုးရှိအိုက်စ် (မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅တန်) ဖမ်းဆီးရမိ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၀၀ ဘီလီယံ တန်ဖိုးရှိအိုက်စ် (မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅တန်) ဖမ်းဆီးရမိ

နေပြည်တော် မေ ၆

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅ တန်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁ ရက် ည ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရွာငံ-ဟန်မြင့်မိုရ် သွားကားလမ်း၊ သံရွာအနီးတွင် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့    မင်းမင်းခိုင်မောင်းနှင်ပြီး အောင်ထွန်းနိုင်လိုက်ပါလာသည့်

NISSAN DIESEL ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးနေစဉ် ၎င်းင်းတို့ ၂ ဦးမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ မင်းမင်းခိုင်မှာ သေနတ်ဒဏ်ရာ ၁ ချက်ရရှိကာ ၎င်းတို့ ၂ ဦးကိုဖမ်းဆီးရမိခဲ့ပြီး အဆိုပါဆီဘောက်ဆာယာဉ်၏ ဆီများထည့်သည့်   အကန့် ၂ ကန့်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅ တန်) သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ   အိုက်စ်(မက်သ်အဖက်တမင်း)များအား   ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်

ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း  သိရသည်။