MNL League Cup ပြိုင်ပွဲ အုပ်စု(A)အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစား GFA အသင်းနှင့့် University အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

MNL League Cup ပြိုင်ပွဲ အုပ်စု(A)အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစား GFA အသင်းနှင့့် University အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

ရန်ကုန်   မေ  ၇

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် MNL League Cup ပြိုင်ပွဲ အုပ်စု(A)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ရာ  GFA အသင်းနှင့့် University အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။

MNL League Cup ပြိုင်ပွဲ အုပ်စု(ဗ)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ GFA အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ GFA အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး GFA အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၂၆ မိနစ်တွင် လှဖုန်းဦးက သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ညနေ ၄နာရီတွင် တက္ကသိုလ်အားကစားကွင်း၌ University အသင်းနှင့် ရွှေပြည်သာ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ University အသင်းက ၆ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး University   အသင်းအတွက် သွင်းဂိုးများကို ပွဲချိန်  ၁၄ မိနစ်နှင့် ၆၈ မိနစ်တွင် အောင်မြင့်မြတ်ကလည်းကောင်း၊  ပွဲချိန် ၁၉ မိနစ်တွင် လှိုင်ဘွားက လည်းကောင်း၊ ပွဲချိန် ၄၄ မိနစ်တွင် ဇော်ဇော်ထိုက်က လည်းကောင်း၊   ပွဲချိန်  ၄၅   မိနစ်တွင် ငြိမ်းဇေယျာကလည်းကောင်း၊ ပွဲချိန် ၆၄ မိနစ်တွင်   ခွန်သန်းဦးကလည်းကောင်း၊ ရွှေပြည်သာ ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန်  ၇၉  မိနစ်တွင် Soulemanou ကလည်းကောင်း အသီးသီး သွင်းယူပေးခဲ့ကြသည်။

MNL League Cup ပြိုင်ပွဲအုပ်စု(B)ပွဲစဉ်များအဖြစ် မေလ ၈ ရက် ညနေ ၄ နာရီတွင် YUSC အားကစားကွင်း၌ ကချင်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း၊ သုဝဏ္ဏအားကစားကွင်း၌ Glory Goal အသင်းနှင့် ရိန်းဘိုးအသင်းတို့ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်