၀က်စ်ဟမ်းအသင်းက လာမည့်ဘောလုံးရာသီအကုန်တွင် ဒေးဗစ်မိုယက်စ်၏နေရာ၌ အစားထိုးရန်အတွက် နည်းပြသစ်အဖြစ် လိုပက်တယ်ဂူရီကို ခန့်အပ်ရန် သဘောတူညီမှုရရှိထား

 

၀က်စ်ဟမ်းအသင်းက လာမည့်ဘောလုံးရာသီအကုန်တွင် ဒေးဗစ်မိုယက်စ်၏နေရာ၌ အစားထိုးရန်အတွက် နည်းပြသစ်အဖြစ် လိုပက်တယ်ဂူရီကို ခန့်အပ်ရန် သဘောတူညီမှုရရှိထား

ဝက်စ်ဟမ်းအသင်းက  ယခုဘောလုံးရာသီအကုန်တွင် နည်းပြဒေးဗစ်မိုယက်စ်နှင့်    လမ်းခွဲမည်ဖြစ်ပြီး နည်းပြသစ်အဖြစ်   ကလပ်အသင်းလက်မဲ့ ဖြစ်နေသည့် နည်းပြလိုပက်တယ်ဂူရီကို ခန့်အပ်ရန် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

အသက် ၆၁ နှစ်အရွယ် နည်းပြဒေးဗစ်မိုယက်စ် သည်  ၂၀၁၇  ခုနှစ်က ဝက်စ်ဟမ်းအသင်းကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အသင်းကို ယူရိုပါကွန်ဖရန့် လိဂ်ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်အောင်  စွမ်းဆောင် နိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ရလဒ်ကောင်းများ ရယူပေးနိုင်ခြင်း မရှိသည့်အတွက်    ဝက်စ်ဟမ်း အသင်းက   ရာသီအကုန်တွင်   လမ်းခွဲရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဝက်စ်ဟမ်းအသင်းသည်  နည်းပြလိုပက်တယ်ဂူရီ မတိုင်မီက နည်းပြသစ်အဖြစ် စပို့တင်းလစ္စဘွန်းအသင်း နည်းပြ အမိုရင်ကိုခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့သည့်အတွက်    နည်းပြလိုပက်တယ်ဂူရီ ကို ခန့်အပ်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ဆီဗီလာအသင်းနှင့်   ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း  အသက်  ၅၇ နှစ်အရွယ်  နည်းပြ လိုပက်တယ်ဂူရီသည်   ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အတွေ့အကြုံရှိသော နည်းပြတစ်ဦး ဖြစ်သည့်အတွက်   ဝက်စ်ဟမ်းအသင်းက နည်းပြသစ်အဖြစ်ခန့်အပ်ရန် ကြိုးပမ်းခဲ့ပြီး  လာမည့်ရက်ပိုင်းအတွင်း  အတည်ပြု ကြေညာရန် စီစဉ်ထားကြောင်း သိရသည်။               

Ref;Fabrizio Romano