လီဂါပေါ်တူဂီအမှတ်ပေးပြိုင်ပွဲ၌ စပို့တင်းလစ္စဘွန်းအသင်းက ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲအလိုတွင် ချန်ပီယံဆုဖလား ဆွတ်ခူးရရှိ

 

လီဂါပေါ်တူဂီအမှတ်ပေးပြိုင်ပွဲ၌ စပို့တင်းလစ္စဘွန်းအသင်းက ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲအလိုတွင် ချန်ပီယံဆုဖလား ဆွတ်ခူးရရှိ

ယခုဘောလုံးရာသီ လီဂါပေါ်တူဂီအမှတ်ပေးပြိုင်ပွဲ၌ ပြိုင်ပွဲပြီးဆုံးရန်နှစ်ပွဲအလိုတွင်  စပို့တင်းလစ္စဘွန်း အသင်းက  ချန်ပီယံဆုဖလား  ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယခုဘောလုံးရာသီ    လီဂါပေါ်တူဂီအမှတ်ပေး ပြိုင်ပွဲပွဲစဉ်  (၃၂) အဖြစ် ကစားသည့်ပွဲစဉ်တွင် စပို့ တင်းလစ္စဘွန်း အသင်းက   ပေါ်တီမိုနန်စီအသင်းကို ၃ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုအတွက် စပို့တင်းလစ္စဘွန်းအသင်းကို    ဖိအားပေးနေသည့် အဆင့်(၂)နေရာမှ ဘင်ဖီကာအသင်းက ဖာမာလီကာ ရိုအသင်းကို  ၂ ဂိုး - ဂိုးမရှိဖြင့်  ရှုံးနိမ့်ခဲ့သောကြောင့် စပို့တင်းလစ္စဘွန်းအသင်းက  ပြိုင်ပွဲပြီးဆုံးရန်  နှစ်ပွဲ အလိုတွင် ချန်ပီယံဆုဖလားဆွတ်ခူး ရရှိခဲ့ခြင်း ဖြစ်သည်။

လီဂါပေါ်တူဂီအမှတ်ပေးပြိုင်ပွဲ၌  ၃၂ ပွဲကစားပြီး ချိန်တွင် စပို့တင်းလစ္စဘွန်းအသင်းက ၂၇ ပွဲ အနိုင် ရရှိခဲ့ကာ  သုံးပွဲသရေနှင့်  နှစ်ပွဲသာရှုံးနိမ့်ခဲ့ပြီး ရမှတ် ၈၄ မှတ်ဖြင့် ထိပ်ဆုံး၌ဦးဆောင်နေကာ အဆင့် (၂) နေရာမှ  ဘင်ဖီကာအသင်းက  ၂၄  ပွဲအနိုင်ရရှိခဲ့ပြီး လေးပွဲသရေနှင့် လေးပွဲရှုံးနိမ့်ကာ ရမှတ် ၇၆ မှတ်ဖြင့် ရပ်တည်နေသည်။

လီဂါပေါ်တူဂီ အမှတ်ပေးပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲအလိုတွင်  စပို့တင်းလစ္စဘွန်းအသင်းက ဘင်ဖီကာအသင်းကို ရမှတ်ရှစ်မှတ်  ဖြတ်တောက်နိုင်ခဲ့သည့်အတွက် လက်ကျန်ပွဲစဉ်နှစ်ပွဲတွင် ရှုံးနိမ့်ပြီး ဘင်ဖီကာအသင်းက  နှစ်ပွဲစလုံးအနိုင်ရရှိမည်ဆိုပါကလည်း  စပို့တင်း လစ္စဘွန်းအသင်းက   ချန်ပီယံဆုဆွတ်ခူးရရှိပြီးဖြစ် သည်။

စပို့တင်းလစ္စဘွန်းအသင်းသည်   လီဂါပေါ်တူဂီ အမှတ်ပေးပြိုင်ပွဲ၌ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက ချန်ပီယံဆုကို   နောက်ဆုံးဆွတ်ခူးနိုင်ခဲ့ပြီး   ယခု ဘောလုံးရာသီမှသာ ချန်ပီယံဆု ပြန်လည် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကာ စပို့တင်းလစ္စဘွန်း အသင်းတိုက်စစ်မှူး ဂယိုကီယက်စ်သည်လည်း သွင်းဂိုး ၂၇ ဂိုးသွင်းယူထားပြီး  သွင်းဂိုးအများဆုံး ကစားသမားဆုအတွက်  နီးစပ်လျက်ရှိကြောင်း သိရသည်။  

Ref;Fotmob.com