ရှမ်းပြည်နယ်(မြောက်ပိုင်း)  နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၇၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)  နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၇၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)   နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၇၅၀၀ တန်ဖိုးရှိ စိတ်<ကရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၃ ရက် ညနေ ၅ နာရီခွဲတွင်   နောင်ချိုမြို့နယ် ဒုဋ္ဌဝတီတံတား အနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့  ညီညီအောင် မောင်းနှင်လာသည့် LIGHT TRUCK ယာဉ်ကိုစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စစ်ဆေးမခံဘဲ  အရှိန်တင်

မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ရာ နောင်ချိုမြို့နယ် မကျည်းရေကျေးရွာအနီး   နောင်ချို-ရပ်စောက်သွားကားလမ်း မိုင်တိုင်အမှတ်  ၁၁၇/၃ အနီး လမ်းဘေးရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားစဉ်  ညီညီအောင်အား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၅၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို   ရှမ်းပြည်နယ်မှ   မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။