ရုရှားက ဗြိတိန်ကို စစ်ရာဇသံပေး

 

ရုရှားက ဗြိတိန်ကို စစ်ရာဇသံပေး

ယူကရိန်းတပ်ဖွဲ့များအနေဖြင့် ဗြိတိန်နိုင်ငံထုတ် ဒုံးကျည်များဖြင့် ရုရှားနိုင်ငံပိုင်နက်အတွင်းသို့ တိုက်ခိုက်မှုများ လုပ်ဆောင်လာပါက ရုရှားနိုင်ငံက ဗြိတိန်နိုင်ငံ၏ ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု စစ်ရာဇသံပေးလိုက်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံက ပေးပို့သော တာဝေးပစ်ဒုံးကျည်များ အသုံးပြု၍ ရုရှားနိုင်ငံ၏ အတွင်းပိုင်းဒေသများသို့ ပစ်ခတ်တိုက်ခိုက်ခွင့်ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး  ဒေးဗစ်ကင်မရွန်းက သတင်းဌာနတစ်ခုသို့မှတ်ချက်ပြုပြောပြီးနောက် ရုရှားဘက်ကယခုကဲ့သို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။

ထို့ပြင် ရုရုားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ရုရှားနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီး နိုင်ဂျယ်ကာဆီကိုဆင့်ခေါ်ကာ သံတမန်လမ်းကြောင်းမှတစ်ဆင့်      တရားဝင်ကန့်ကွက်မှုပြုလုပ်သည်။

ယူကရိန်းက ဗြိတိန်နိုင်ငံထုတ်လက်နက်တွေနဲ့ ယူကရိန်းနိုင်ငံအပေါ်တိုက်ခိုက်မှုလုပ်မယ်ဆိုရင် ယူကရိန်းနိုင်ငံနဲ့ တခြားနေရာ များမှာရှိတဲ့ ဗြိတိန်နိုင်ငံရဲ့ စစ်ရေးအဆောက်အအုံတွေ၊ စစ်လက်နက်ပစ္စည်းတွေကို ရုရှားက ပစ်မှတ်ထားတုံ့ပြန် တိုက်ခိုက်ရပါလိမ့်မယ်လို့ ကာဆီကိုသတိပေးလိုက်ပါတယ်ဟု   ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံသို့   မကြာသေးမီက လွှဲပြောင်းပေးပို့လိုက်သော တာဝေးပစ်လက်နက်များကို ယူကရိန်းက ပိုင်ဆိုင်ထားသည်ဟုဆိုသော ဒေသများတွင်သာ အသုံးပြုရန် အမေရိကန်နှင့်မဟာမိတ်နိုင်ငံများက သတ်မှတ်ပေးထားသည်။

ယခု ဒေးဗစ်ကင်မရွန်း၏မှတ်ချက်ပြုစကားသည် ဗြိတိန်နိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခတွင် တိုက်ရိုက်ပါဝင်နေပြီဟု ပြောလိုက်သည်နှင့်အတူတူပင်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဗြိတိန်သာ ပဋိပက္ခတွင် ပါဝင်လာပါက ဖြစ်ပေါ်လာနိုင်သော ကမ္ဘာပျက်လောက်သည့် နောက်ဆက်တွဲ အကျိုးဆက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဗြိတိန်သံအမတ်ကြီးကို တိုက်တွန်းထားသည်။

မေလ ၆ ရက်တွင် ရုရှားသမ္မတဗလာဒီမာပူတင်က နည်းဗျူဟာမြောက်နျူကလီးယား လက်နက်များ အသုံးပြုမှုကို စစ်ဆေးနိုင်ရေးအတွက် စစ်ရေးလေ့ကျင့်ခန်းတစ်ရပ်ကိုလုပ်ဆောင်ရန် ညွှန်ကြားထားသည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။             

    Ref: RT